မင်းချင်းကြိုက်
ယနေ့ ကျွန်ုပ်တို့ရဲ့ လူ့ဘောင်ကြီးဟာ ရှေးရာစု နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပါပြီ။ လူဆိုတာ တစ်ဦး တစ်ယောက်တည်း သင်းကွဲနေလို့ မရပါဘူး။ နေလည်းမနေခဲ့ကြပါဘူး။ အသိုက်အဝန်းဖွဲ့ပြီး နေလာခဲ့ကြတာပါ။ ယခုလို လူ့ဘောင်အဖွဲ့ကြီး ရာစုနှစ်ပေါင်းများစွာ နေထိုင်နိုင်ခဲ့ခြင်းဟာ စာနာ စိတ်နဲ့ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကြောင့်လို့ဆိုရင် မှားမည်မထင်ပါဘူး။ လူနဲ့ တိရစ္ဆာန် ကွာခြားချက်လည်း အဲဒီအချက်နှစ်ချက်ပါပဲ။ တိရစ္ဆာန်တွေမှာ စာနာစိတ်နဲ့ ယုံကြည် ကိုးကွယ်ရာ ဘာသာတရားဆိုတာ မရှိပါဘူး။ မိမိဘဝ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သတ်ဖြတ်ကြ တယ်။ ကြီးနိုင်ငယ်ညှဉ်း ပြုကြပါတယ်။ ဥပမာဥဩငှက်ဆိုကြပါစို့။ ဥဩငှက်ဆိုတာ ကိုယ်ပိုင် အသိုက်အမြုံ မဖွဲ့ကြပါဘူး။ အခြားတိရစ္ဆာန်တို့ရဲ့ အသိုက်အမြုံမှာ ဥချလေ့ရှိပါတယ်။ မူလပိုင်ရှင်ရဲ့ ဥတွေကို ကန်ချတတ်လေ့ရှိပါတယ်။ ဒါကဥဩငှက်တို့ရဲ့ အလေ့အထပါပဲ။ လူသားတွေမှာတော့ ရည်မှန်းချက်နဲ့ ဘဝကို ရှင်သန်ကြပြီး တိရစ္ဆာန် လောကမှာတော့ ကြီးနိုင်ငယ်ညှဉ်း သတ်ဖြတ်ခြင်းနဲ့ ဘဝကို စတင်ကြပါတယ်။
စာနာစိတ်
လူတွေမှာ မိမိယုံကြည်ရာ ဘာသာတရားရှိကြပြီး ရည်မှန်းချက်နဲ့ အတူမတူညီတဲ့ အတွေးအမြင်တော့ ရှိကြတာပါပဲ။ မတူညီတာကို ရန်သူလို့ သတ်မှတ်ခဲ့ကြမယ်ဆိုရင် ယနေ့လူ့ဘောင်ဆိုတာ မရှိတော့ ပါဘူး။ မတူညီသော်လည်း စာနာစိတ်နဲ့ ယှဉ်တွဲနေထိုင်ခဲ့ကြလို့သာ လူ့ဘောင်အဖွဲ့အစည်း ကြီးအဖြစ် တည်တံ့နေတာပါ။ တစ်နည်းအားဖြင့် ဆိုရရင် လူ့ဘောင်အဖွဲ့အစည်း ကြီးမှာ စာနာမှုကို မဏ္ဍိုင်ပြုပြီး နေထိုင်ကြတာပါ။ မည်သည့်ဘာသာ တရားဖြစ်စေ လူ့ဘောင်အဖွဲ့ အစည်းကြီးကို အထောက်အကူ ဖြစ်စေဖို့နဲ့ မျှတမှုရှိစေဖို့ လမ်းညွှန် ဆုံးမထားကြမှာပါပဲ။ အစွန်း မရောက်ဖို့သာ လိုပါတယ်။ ဟိုတုန်းက လူသားအချင်းချင်း ယစ်ပူဇော် ကြတယ်ဆိုတာ ကြားခဲ့ရဖူးပါတယ်။ မှားယွင်းတဲ့ အယူဝါဒမို့ ယနေ့ ခေတ်မှာ မရှိတော့ပါဘူး။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးဟာ မိမိတို့ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ ပထဝီအနေအထား၊ ရိုးရာယဉ်ကျေးမှု တို့အပေါ် အခြေခံပြီး စနစ်တစ်ခုနဲ့ ခုတ်မောင်းနေကြတာပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ စနစ် တူညီသော်လည်း အလုံးစုံထပ်တူမညီနိုင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရပါတယ်။ ဒါပေမယ့် လွတ်လပ်မှု ဆိုတာ အလုံးစုံခွင့်ပြုထားတယ်လို့ မဆိုလိုပါဘူး။ ဥပဒေဘောင်အတွင်းမှာ နေထိုင်ပြုမူရမှာပါ။ သူတစ်ပါးကို ထိခိုက်နစ်နာမှုမရှိအောင် လူသားပီပီ စာနာစိတ်နဲ့ ပြုမူရမှာဖြစ်ပါတယ်။ လူပီသမှုဆိုတာ “စာနာစိတ်”ဆိုတဲ့စံနှုန်းနဲ့ တိုင်းတာရတာပါ။ စာအုပ်မှာ ဘာမှမရေးထားရင် ဗလာစာအုပ်လို့ ခေါ်ကြသလို လူသားတိုင်းဟာ မိမိရဲ့ ဘဝစာမျက် နှာမှာ အများကောင်းကျိုး၊ လောကကောင်းကျိုး မှတ်တမ်းမရှိရင် အဲဒီလူကို “လူ့ဗလာ”လို့ သတ်မှတ် ရမှာပါပဲ။ အဲဒီလိုပဲ။ လူဖြစ်ပါလျက် တိရစ္ဆာန်လို စာနာစိတ်မရှိရင်တော့ “လူ့မိစ္ဆာ” သို့မဟုတ် “လူ့တိရစ္ဆာန်”အဖြစ် သတ်မှတ်ကြရမှာပါပဲ။
ယုံကြည်မှု
ယုံကြည်မှုဆိုရာမှာ ဘာသာရေးဖြစ်စေ၊ နိုင်ငံ ရေးဖြစ်စေ တစ်ဖက်စွန်းမရောက်ဖို့တော့ လိုပါတယ်။ လူတစ်ယောက်မှာ မျက်လုံးနှစ်လုံး၊ နား နှစ်ဖက်ရှိခြင်းဟာ တစ်ဖက်အမြင်၊ တစ်ဖက် အကြား မဖြစ်စေဖို့အတွက် ဖန်တီးပေးထားတာပါ။ သူများပြောတိုင်းလည်း ယုံကြည်လို့မရပါဘူး။ ကိုယ်တိုင်လေ့လာသုံးသပ်ပြီးမှ ကျင့်ကြံရပါမယ်။ အဲဒီလိုမှမဟုတ်ရင် “သူများယောင်လို့ ယောင်ရ တယ်၊ အမောင်တောင်မှန်း မြောက်မှန်းမသိ”ဆိုတဲ့ စကားအတိုင်း ဖြစ်သွားတတ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်က ငါဘုရားဟောတိုင်းလည်း မယုံနဲ့၊ ကိုယ်တိုင်လေ့လာကျင့်ကြံအားထုတ်ရမယ်လို့ ဆုံးမဟောကြားတော်မူခဲ့ပါတယ်။
စက်ဆုပ်ဖွယ်ကောင်းသော PDF တို့၏လုပ်ရပ်များ
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၂၀၁၀ ပြည့်နှစ်မှ စလို့ ပြည်သူတို့ လိုလားတောင့်တခဲ့ကြတဲ့ “ဒီမို ကရေစီစနစ်”ကိုစတင်ကျင့်သုံးခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အချိန်များစွာရေးဆွဲပြီး ပြည်သူသို့ချပြခဲ့ပါတယ်။ ပြည်သူတို့ရဲ့ သဘောတူညီချက်အရ “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်ခဲ့ကြတာ ၁ဝ စုနှစ်တစ်ခုပါပဲ။ တတိယအစိုးရ ဖြစ်ပေါ်လာရေး အတွက် ၂၀၂၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲကျင်းပခဲ့ ရာမှာ NLD အစိုးရဟာ အာဏာကိုအလွဲသုံးစား ပြုပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ရယူဖို့ ကြိုးစား ခဲ့တယ်ဆိုတာ မြန်မာပြည်သူတွေသာမက ကမ္ဘာသိ ဖြစ်ပါတယ်။ ဥပဒေရဲ့အထက်မှာ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမှ မရှိရပါဘူး။ ဥပဒေကို လိုက်နာရပါမယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထိန်းသိမ်းလိုက်ရပါတယ်။
မဲမသမာမှုတွေကို ချပြလိုက်တော့ NLD ပါတီ ဟာ သူခိုးလူမိဆိုသလို ရှက်ရမ်းရမ်းပါတော့တယ်။ တပ်မတော်က အာဏာထိန်းလိုက်တော့ NLD အစွန်းရောက်တွေဖြစ်တဲ့ CRPH နဲ့ NUG တို့ဟာ မင်းသားကြီးမလုပ်ရရင် ပက်မကြီးဖောက်မယ် ဆိုတဲ့အကြံနဲ့ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင်၊ အုပ်ချုပ်မှုယန္တရားရပ်တန့်အောင် အမျိုးမျိုး လုပ်ကြရုံသာမက အခုအခါ ရဟန်းရှင်လူအပေါင်း တို့ရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာပါတော့တယ်။
ယနေ့ကျွန်တော်တို့ မြန်မာနိုင်ငံမှာ PDF ဆိုတဲ့ အသံကြားရတဲ့သူတိုင်း စိတ်မချမ်းမြေ့ဖြစ်ကြပြီး ရွံမုန်းနေကြပါတယ်။ PDF ဆိုတာ အကြမ်းဖက် အဖွဲ့ အစည်းဖြစ်တဲ့ CRPHနဲ့ NUG တို့က မွေးဖွား ပေးလိုက်တဲ့ နိုင်ငံရေးသားကောင်တစ်ဖြစ်လဲ အကြမ်းဖက်သောင်းကျန်းသူတွေပါပဲ။ PDF အဖွဲ့မှာ အသက် ၃၅ နှစ်အောက် လူငယ်အများစု ဖြစ်ပါတယ်။ နိုင်ငံရေးမှိုင်းမိပြီး စာနာစိတ်ကင်းမဲ့နေ တာကြောင့် သူတို့တွေရဲ့ လုပ်ရပ်တွေဟာလည်း စက်ဆုပ်ရွံရှာစရာပါပဲ။
ကမ္ဘာတစ်ဝန်း ကိုဗစ်- ၁၉ ရောဂါဆိုးကြီးကို ခုခံကာကွယ်နေချိန်မှာ PDF တွေဟာ Quarantine Centre တွေ၊ ဆေးရုံတွေနဲ့ ကိုဗစ်-၁၉ စစ်ဆေး ရေးဂိတ်များကို မိုင်းခွဲခြင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေး သယ်ဆောင်လာတဲ့ယာဉ်တွေကို တိုက်ခိုက် ခြင်း၊ ကာကွယ်ဆေးထိုးနှံရန် သွားရောက်ကြသည့် လမ်းများအပေါ် မိုင်းထောင်ခြင်းစတဲ့ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ပြုလုပ်လျက်ရှိပါတယ်။ ဒါတွေဟာ လူသားမဆန်/စာနာစိတ်မရှိတဲ့သူတွေရဲ့ လုပ်ရပ် ပါပဲ။
ဒါ့အပြင် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ချပေးရာမှာ အဓိကကျတဲ့ဆရာ၊ ဆရာမများနဲ့ ပညာရေးဝန်ထမ်း တွေကို အကြောင်းမဲ့လူသားမဆန် သတ်ဖြတ်ခဲ့ကြ ပါတယ်။ ဆရာ၊ဆရာမတွေဆိုတာ အနန္တဂိုဏ်းဝင်တွေပါ။ လက်ဆယ်ဖြာထိပ်မှာမိုးပြီး အစဉ်ဦးခိုက် ကြရတာပါ။ မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ ကျေးဇူးတရားသိတတ်ပြီး ယဉ်ကျေးမှုရှိသူတိုင်း ကိုယ်စိတ်နှလုံးသုံးပါးနဲ့ မပြစ်မှားကြပါဘူး။ ဤသို့သော ပုဂ္ဂိုလ်များကို PDF ခေါ် “လူ့ဗာလ”/ “လူ့မိစ္ဆာ” တွေက အကြောင်းမဲ့သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်မှုတို့ကြောင့် ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ သေဆုံး၊ ဒဏ်ရာရခဲ့ကြကြောင်း အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါတယ်။
ဒါ့အပြင်ဗုဒ္ဓသာသနာတော်ကြီးကို စောင့်ရှောက်နေကြတဲ့ ရဟန်းသံဃာတော်တွေကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုး တွေဟာ အခါမပြတ် ဘုရား၊ တရား၊ သံဃာအား မမေ့မလျော့ဘဲသရဏဂုံဆောက်တည်ကြတဲ့လူမျိုးတွေပါ။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၈) ပုဒ်မ ၃၆၁မှာ “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ် သည်”ဟု သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ငယ်စဉ် ကတည်းက ရဟန်းသံဃာတော်များရဲ့ အဆုံးအမ ဩဝါဒဖြင့် ကြီးပြင်းလာခဲ့ကြတဲ့လူမျိုးပါ။ ဒါ့ကြောင့် လည်း ယနေ့ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုထား ကြပါတယ်။
ဤသို့ ကမ္ဘာက ထေရဝါဒဗုဒ္ဓဘာသာ အထွန်း ကားဆုံးသော ကျွန်တော်တို့နိုင်ငံမှာ PDF ဟူသော “လူ့ဗာလ”၊ “လူ့မိစ္ဆာ”တို့ရဲ့ ပုထိုးစေတီများကို မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ ရဟန်းသံဃာတော် များကို သတ်ဖြတ်ခြင်းတို့ကြောင့် မြန်မာ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာကို ထိပါးလျက် ရှိပါသည်။
မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာတော်ဆိုတာ သုဝဏ္ဏ ဘူမိ(သထုံ)ကအစပျိုးခဲ့ပြီး ပထမမြန်မာနိုင်ငံတော် ကြီးကို စုစည်းတည်ထောင်ခဲ့တဲ့ အနော်ရထာရဲ့ ကျေးဇူးတရားကြောင့်ဝေဖြာလာခဲ့ပါတယ်။ဘိုးဘွား အစဉ်အဆက်ကိုးကွယ်ထိန်းသိမ်းလာခဲ့တဲ့ဗုဒ္ဓဘာသာ သည်ကား လူ့မိစ္ဆာ PDF တို့ကြောင့်ပျက်စီး ခံရတော့ မည်လား။ ဗုဒ္ဓသာသနာတော်ကြီးဟာ ဘိုးဘွားတို့ လက်ဆင့်ကမ်းပေးခဲ့တဲ့အမွေပါ။ သားသမီးကျင့်ဝတ်ထဲမှာ မွေခံထိုက်စေဆိုတဲ့စကားဟာ ဥစ္စာပစ္စည်းကို ပဲ ရည်ညွန်းထားတာ မဟုတ်ပါဘူး။ သာသနာ့အမွေလည်း ပါဝင်ပါတယ်။ ဒါကြောင့်ဘိုးဘွားတို့ရဲ့အမွေကို ကာကွယ်စောင့် ရှောက်ဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။
တစ်ချိန်က ဗကပနှင့် ယနေ့ PDF
မြန်မာ့သမိုင်းကြောင်းမှာ သူ့ကျွန်လက်အောက် ကျရောက်စဉ်က ဘာသာခြားတိုင်းတစ်ပါးသား တို့ကြောင့် သာသနာမှေးမှိန်ခဲ့ရပါတယ်။ လွတ်လပ် ရေးရရှိပြီးနောက်ပိုင်း မှာ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ လက်နက်ကိုင်သောင်းကျန်းမှုကြောင့် ပြည်တွင်း စစ်မီးလျှံ တောက်လောင်ခဲ့ရပါတယ်။ အဲဒီအချိန်က ရောင်စုံသူပုန်အင်အားဟာ တပ်မတော်ထက် အဆမတန် များပြားပါတယ်။ ဗကပတွေဟာ ပြည်သူတွေကို ခြိမ်းခြောက်ရုံသာမက ကျေးရွာ သူကြီးတွေနဲ့ သူတို့မကြည်ဖြူတဲ့သူတွေ၊ တစ်ချိန်က သူတို့နဲ့ရန်ငြိုးရှိသူတွေကို အစိုးရသတင်းပေးသူ (ယနေ့ခေတ် အခေါ်အရဆိုလျှင် ဒလန်)လို့ စွပ်စွဲပြီး ဓားနဲ့ခုတ်၊ ဝါးကျစ်တုတ်နဲ့ရိုက် စတဲ့လူသားမဆန် သတ်ဖြတ်ကြပါတယ်။ အချင်းချင်းလည်း တစ်ယောက်နဲ့ တစ်ယောက် “တော်လှန်ရေး”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုးစွပ်စွဲပြီး သတ်ဖြတ် ခဲ့ကြတယ်။ ဒါ့အပြင် အစိုးရစာသင်ကျောင်းတွေကို မီးရှို့၊ ဆရာဆရာမတွေကို အသက်အန္တရာယ် ခြိမ်းခြောက်ပြီး ရွာကနေ နှင်ထုတ်ကြတယ်။ အစွန်း ရောက် ရုပ်ကြမ်းဝါဒဖြစ်တဲ့အတွက် အဖေကို သားကသတ်၊ တစ်အူထုံဆင်းအချင်းချင်းလည်း သတ်ဖြတ်ကြတယ်။ နောက်ဆုံး ဗုဒ္ဓဘာသာမြန်မာ လူမျိုးတို့အထွတ်အမြတ်ထားကြတဲ့ ရွှေတိဂုံစေတီ ကို မျက်စောင်းထိုးလာပြီး ကပ်လှူထားတဲ့ ရွှေတွေ ကို ခွာဖို့တောင် ကြံစည်ကြပါသေးတယ်။ ဒါက သမိုင်းမှာ အထင်ကရရှိပါတယ်။ “သခင်သန်းထွန်း ရဲ့နောက်ဆုံးနေ့”၊ “ဇင်-ချစ်နောက်ဆုံးနေ့” စာအုပ် တွေကို ဖတ်ကြည့်ပါ။ ယနေ့ PDFတွေရဲ့ လုပ်ရပ်တွေ ဟာ တစ်ချိန်က ဗကပတွေလိုပါပဲ။ ရက်စက်မှု အပေါင်း သရဖူဆောင်းနေကြပါတယ်။ တပ်မတော် နဲ့ ပြည်သူလက်တွဲပြီး ဗကပတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့လို့ ဗကပတွေရဲ့ နိဂုံးမလှမပကျဆုံးခဲ့ တော့တာပါပဲ။
ဗကပနဲ့ ယနေ့ PDF ကွာခြားမှုတစ်ခုတော့ ရှိတယ်။ ဗကပမှာ ခိုင်မာတဲ့ နိုင်ငံရေးယုံကြည်ချက် ရှိတယ်။ ယနေ့ခေတ် PDF တွေမှာတော့ ခိုင်မာတဲ့ နိုင်ငံရေးယုံကြည်ချက် မရှိပါဘူး။ အခုလို PDF တွေ မိုက်တွင်းနက်နေတာဟာ သူ့ဆန်စားလို့ ရဲနေကြ တာပါ။ ဆိုလိုတာက PDFတွေရဲ့ နောက်ကွယ်မှာ မိစ္ဆာဂိုဏ်းတော့ ရှိရမည်။ PDFတွေကလည်း “အစား
ချောင်လို့ အသားရောင် ပြောင်းတယ်” ဆိုတဲ့စကား အတိုင်း မထူးဇာတ်ခင်းပြီး မိုက်တွင်းနက်နိုင်သမျှ နက်နိုင်ဖို့ မူးယစ်ဆေးဝါးတွေသုံးစွဲပြီး လူစိတ် ပျောက်ကာ အကြမ်းဖက်နေကြကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။ ယနေ့ PDF တွေရဲ့ လုပ်ရပ်ဟာ သခင်ကြည်ဖြူအောင်ဟောင်နေတဲ့ခွေးတွေလိုပါပဲ။
ဇာတ်ပေါင်းလိုက်သော်
ဒါ့ကြောင့် NUG နဲ့ CRPH တို့ရဲ့ စေညွှန်ရာ အတိုင်း အကြမ်းဖက်လုပ်နေကြတဲ့ PDF တို့ကို ကျွန်တော်တို့ပြည်သူအားလုံးကနိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ဖော်ထုတ်တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို တွေ့မြင်ကြားသိနေရပါလျက် လျစ်လျူရှုနေခြင်းဟာ အဲဒီအကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုရာ ရောက်ပါတယ်။ ကိုယ်တိုင်ပူးပေါင်းပါဝင် တားဆီး/ဖော်ထုတ် တိုက်ဖျက် ခြင်းဟာ နိုင်ငံတော်တည်ငြိမ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးနဲ့ အနာဂတ်နိုင်ငံတော် အရေး ကမ္ပည်းရေးထိုးနေခြင်းသာ ဖြစ်ပါတယ်။ အနန္တဂိုဏ်းဝင်ဖြစ်တဲ့ ရဟန်းသံဃာတော်များနှင့် ဆရာ၊ ဆရာမများကို သတ်ဖြတ်နေသည့် PDF သည်ကား ဆဒ္ဒန်ဆင်မင်းဇာတ်တော်ထဲက သောနုတ္တရမုဆိုးနှင့် အလားတူပါတယ်။
ဒါ့ကြောင့် ယနေ့နိုင်ငံတော်အတွင်း လူသား မဆန် စာနာမှုကင်းမဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များကို ဇာတ်ပေါင်းလိုက်သော် နိုင်ငံတော်အာဏာကို မတရားရယူလိုသူ NUG၊ စေခိုင်းသူက CRPHI အကြမ်းဖက် သူမိစ္ဆာ PDFတို့သာဖြစ်ပါကြောင်းနှင့် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်ပါ ကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။