Skip to main content

ကိုရီးယားနိုင်ငံက ကြီးမှူးကျင်းပသည့် ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများက အမြင့်ဆုံးဆုအပါအဝင် ဆုခုနစ်ဆုရရှိ

မန္တလေး နိုဝင်ဘာ

 

ကိုရီးယားနိုင်ငံက ကြီးမှူး၍ ယူနက်စကိုနှင့် ICM အဖွဲ့အစည်းများက ပူးပေါင်းကျင်းပသည့် လေးကြိမ်မြောက် International Martial Arts  Photo Contest ဓာတ်ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံက အမြင့်ဆုံးဆု Grand  Prize ဆုအပါအဝင် ဆုပေါင်း ခုနစ်ဆုကို ရရှိကြသည်။ ဆုရရှိသူများမှာ  Grand Prize ဆု အောင်မိုး၊ ငွေတံဆိပ်ဆု ပြည့်စုံအောင်၊ ကြေးတံဆိပ် ဆု ကျော်ဇေယျာလင်း၊ Fine Work ဆုများအဖြစ် အောင်ထူးသူ၊  ချမ်းသာအောင်၊ အရိုးနေချာလတ်၊ မြတ်ဇော်ဟိန်းတို့ ရရှိကြသည်။           

နိုဝင်ဘာ ရက်တွင် ကြေညာခဲ့

ဆုကြေးများတွင် Grand Prize ဆုအမေရိကန်ဒေါ်လာ ၂၅၀၀၊  ရွှေတံဆိပ်ဆု အမေရိကန်ဒေါ်လာ ၁၇၀၀၊ ငွေတံဆိပ်ဆု အမေရိကန် ( ဒေါ်လာ ၈၅၀၊ ကြေးတံဆိပ်ဆု အမေရိကန်ဒေါ်လာ ၄၂၅၊ Fine Work ( ဆု အမေရိကန် ဒေါ်လာ ၁၇၀ ချီးမြှင့်မည်ဖြစ်ပြီး ဆုပေါင်း ၃၆ ဆု ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နိုင်ငံတကာမှ ဓာတ်ပုံပညာရှင်များ  ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အွန်လိုင်းမှ ပေးပို့ရပြီး ဆုရရှိသူများကို နိုဝင်ဘာ ရက်တွင် ကြေညာပေးခဲ့ပြီး ဆုငွေများကို အဝေးရောက်စနစ်ဖြင့် ပေးပို့သွားမည်ဖြစ်သည်။

Grand Prize ဆုရရှိသော မြန်မာနိုင်ငံမှဓာတ်ပုံပညာရှင်အောင်မိုး၏ ဆုရဓာတ်ပုံမှာ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသကျေးရွာတစ်ရွာမှ ဆံရစ်ဝိုင်းကလေးငယ်များ ကစားနေပုံကို အလင်းအမှောင်၊ အယူအဆ၊ ဖွဲ့စည်းပုံ ကောင်းစွာရိုက်ကူးထားသည့် မြန်မာ့ယဉ်ကျေးမှုနှင့် လူနေမှု ဘဝကို ပေါ်လွင်စေသော ဓာတ်ပုံဖြစ်သည်။ ပြိုင်ပွဲမှ ဆုရဓာတ်ပုံများ of www.2021 international martial arts photo contest တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်ကျော်ထွန်း(ပုသိမ်ကြီး)