နေပြည်တော် နိုဝင်ဘာ ၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် နိုဝင်ဘာ ၅ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Generator သုံးခု၊ Face Mask ၁၆၃၁၀၀ နှင့် ဆေးဝါးမျိုးစုံ ၂၀ (၇၂၉၅၉ ဒသမ ၉၅) Kg၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီနှစ်ခုမှ Sodium Chloride Injection ၂၅၃၅၀၀၊ Glucose Injection ၉၇၄၇၀၊ Paracetamol Tablet ၁၃၄၇၀၊ lbmol Tablet ၇၈၂၀၀၊ Cimeticline Injection ၁၀၉၆၀၀၊ Vitamin C Tablet ၉၄၄၀၊ PPE ၆၃၆၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်