Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကျင်းပ

နေပြည်တော် နိုဝင်ဘာ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါ ဝင်စားသူများပါဝင်သော ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို ယနေ့နံနက် နာရီက ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးများတွင် မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန်အတွက် ပါတီအများစုက ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံရေးပါတီ (၁၆) ပါတီကလည်း PR စနစ်နှင့်စပ်လျဉ်းသည့် စာတမ်းများပေးပို့ခဲ့ပြီး မေလထဲ၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲဆုံးဖြတ်ချက်အတိုင်း ယခုရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင် လာမည့်ရွေးကောက်ပွဲအတွက် ပြောင်းလဲလာသည့် ခေတ်ကာလအခြေအနေအရ ကျင့်သုံးဆောင်ရွက်သင့်သော ရွေးကောက်ပွဲစနစ်များကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူများက  စာတမ်းများကို ဖတ်ကြား ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် အမျိုးမျိုးသော နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲစနစ်များနှင့် တူညီမှုမရှိသော မဲပေးပုံစနစ်များကို တွေ့ရမည်ဖြစ်ပြီး ထိုသို့သော စနစ်များကို ကျင့်သုံးကြရာတွင် အခြေခံအနေဖြင့် () မျိုး တွေ့ရပါကြောင်း၊ ယင်းတို့မှာ မဲများသူ အနိုင်ရသည့်စနစ် FPTP နှင့် အချိုးကျ ကိုယ်စားပြုစနစ် PR တို့ဖြစ်ကြောင်း။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အရ ၁၉၄၈ ခုနှစ် မှ ၁၉၆၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ပါလီမန်အထွေထွေ ရွေးကောက်ပွဲ များ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း ကျင်းပခဲ့ သည့် ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင် မဲများသူ အနိုင်ရတဲ့စနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့ပြီး နိုင်သူ အကုန်ယူသည့် မဲပေးသော စနစ်နှင့်အတူ ကြီးပြင်းလာခဲ့သူများဖြစ်သည့်အလျောက် ဤစနစ်ကိုပင် ဒီမိုကရေစီနိုင်ငံအများ အပြားက ကျင့်သုံးသည်ဟု မှတ်ယူခဲ့ကြပါကြောင်း၊ ပြောင်းလဲခဲ့သည့် ခေတ်ကာလအခြေအနေအရ ဒီမိုကရေစီနိုင်ငံ အများစုသည် မဲဆန္ဒနယ်တစ်နယ်တွင် ကိုယ်စားလှယ် တစ်ဦး ရွေးကောက်သည့် စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ခဲ့ကြပြီး အချိုးကျ ကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ နိုင်သူ  အကုန်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရာတွင် ထောက်ခံဆန္ဒမဲ ၅၁ ရာခိုင်နှုန်းရရှိသည့် ကိုယ်စားလှယ်လောင်းသည် အနိုင်ရရှိသဖြင့် ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်း အခွင့်အရေးကို ရရှိသွားပြီး ၄၉ ရာခိုင်နှုန်းရရှိသည့် အခြားကိုယ်စားလှယ်လောင်းသည် ကိုယ်စားပြုခွင့် လုံးဝ ရရှိခြင်းမရှိသဖြင့် ၄၉ ရာခိုင်နှုန်းသော မဲဆန္ဒရှင်များ၏ မဲများမှာ အဟောသိကံဖြစ်ခဲ့ရကြောင်း၊ အချိုးကျကိုယ်စားပြုခြင်းဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်းလူတိုင်းသည် ကိုယ်စားပြုခွင့်ရှိသည်ဆိုသည့် အချက်ပင် ဖြစ်ပါကြောင်း။

PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင် စေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲ အပေါ် မူတည်၍ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်လည်း ဖြစ်ပါ ကြောင်း၊ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင် နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံ ဆန္ဒမဲ အပေါ် မူတည်၍ ရွေးကောက်တင်မြှောက်ခံ နိုင်ပါကြောင်း၊ PR စနစ်၏ အားသာချက်များမှာ လူဦးရေအချိုးအစားအလိုက် ညီမျှသော ကိုယ်စားလှယ် အရေအတွက်ရရှိခြင်း၊ ပါတီများအနေဖြင့် ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ် အရေအတွက် သတ်မှတ်နိုင်ခြင်းကြောင့် ပါတီငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့်အရေး ရကြောင်း၊ အခြေခံမဲအရေ အတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသော စနစ် အားနည်းသွားစေခြင်း၊ အဟောသိကံဖြစ်သော မဲများ လျော့ပါးစေ၍  ပြည်သူများ၏ဆန္ဒနှင့် အနီးစပ်ဆုံးညီမျှ မှုကို ပေးစွမ်းနိုင်သဖြင့် မဲပေးမှုနှုန်း အားကောင်း စေနိုင်ကြောင်း။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများမှာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်ဖြစ်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေ ရွေးကောက်ပွဲနှစ်ကြိမ်ကျင်းပခဲ့ရာ လွှတ်တော်အတွင်း၌ အင်အားကြီးပါတီတစ်ခုကသာ အားသာပြီး အစိုးရဖွဲ့နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပါတီစုံဖြစ်လာခဲ့လျှင် လွှတ်တော်အတွင်း အဆုံးအဖြတ် ပေးရာ၌ ညှိနှိုင်းဆောင်ရွက်ရမှုများကြောင့် ပါတီအချင်းချင်း ထိန်းညှိနိုင်ခြင်းစသည့် အားသာချက်များရှိ လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ပြန့်နှံ့စွာနေထိုင်သည့် နိုင်ငံဖြစ်ပါကြောင်း၊      ယခုလို PR စနစ်ကို ပြောင်းလဲကျင့် သုံးလာပါက လူမျိုးစုငယ်များ အပါအဝင် တိုင်းရင်းသားများအနေဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများမှာ အချိုးကျပါဝင်လာနိုင်မည်ဖြစ်၍ ပိုမိုပြီးမျှမျှတတ ရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော်သုံးရပ်လုံးတွင် မဲဆန္ဒနယ်ခွဲ ဝေခြင်းအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ခဲ့ရာ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဦးဌေးကျော်က  ကော်မရှင်မှ ရှင်းလင်းတင်ပြချက် များသည် ပြီးပြည့်စုံသဖြင့်  ထပ်မံဆွေးနွေးရန်    မရှိကြောင်းနှင့်  သဘောတူပါကြောင်း၊ ပြည်သူ့ ရှေ့ဆောင်ပါတီမှ ဒေါက်တာမျိုးဆက်သွေးက ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး ရှင်းလင်းသည့် အချိုးကျကိုယ်စားပြုစနစ်တစ်ခု ဖြစ်သည့် Closed List နှင့် စတင်ဆောင်ရွက်ပြီး ရွေးကောက်ပွဲကာလ သက်တမ်းနှစ်ခု ဖြတ်သန်းပြီးမှ Open List ကို သွားသင့်ပါကြောင်း။

ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က PR စနစ်ပြောင်းလဲကျင့်သုံးခြင်းကို ကြိုဆို ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အာဏာသုံးရပ်ကို ဆောင်ရွက်နိုင်သည့် အတွက် ဥပဒေပြင်ဆင်ရေးများကို ရဲရဲဝင့်ဝင့် ဆောင်ရွက်စေလိုပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် PR စနစ်ကို ပြောင်းလဲသင့်ကြောင်းနှင့် PR စနစ်နှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆိုပြုချက်ကို ထောက်ခံကြောင်း၊ စာတမ်းရေးသား တင်ပြထားပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးလှသိန်း က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရှင်းလင်းချက်နှင့် မိမိတို့ပါတီ အဆိုပြုတင်ပြချက်မှာ မဲဆန္ဒနယ်ခွဲ ဝေမှုတွင်သာ အနည်းငယ် ကွဲလွဲမှုရှိပါကြောင်း၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းအိုက်ပေါင်း က PR စနစ် ပြောင်းလဲကျင့် သုံးပါက မဲမသမာမှု လျော့နည်းသွားနိုင်ကြောင်းနှင့် တစ်နိုင်ငံလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ် ဆောင်ရွက်ခြင်း မပြုစေလိုကြောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဌာနမှ PR စနစ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးချက်များနှင့် ပေါင်းစပ် ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို နိုဝင်ဘာ ရက်တွင် ဒုတိယနေ့အဖြစ် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ နိုင်ငံရေး ပါတီ (၅၃) ပါတီမှ ကိုယ်စားလှယ် (၉၃) ဦး၊ စိတ်ပါဝင်စား၍ တက်ရောက်သူ အရပ်ဘက် ကိုယ်စားလှယ် (၂၀) စုစုပေါင်း (၁၁၃ ) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)