Skip to main content

သင်္ဃန်းကျွန်းနှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၄

သင်္ဃန်းကျွန်းမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ် ရပ်ကွက် ငမိုးရိပ် (၆) လမ်းနေ မြတ်ပိုင်စိုး(၃၅ နှစ်)၏နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ ညနေ ၆ နာရီခွဲ စမ်းချောင်းမြို့နယ် လင်းလွန်း(တောင်) ရပ်ကွက် လင်းလွန်းလမ်းနေ ချစ်ကိုနိုင်(ခ) ရွှေငါး(၃၁ နှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၇၆၀၀၀ နှင့် Isuzu မော်တော်ယာဉ်တစ်စီး ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၆၀ဝဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်