နေပြည်တော် နိုဝင်ဘာ ၄
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင် ဘာ ၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုး သား ကိုးဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦးနှင့် လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးတို့ကို လက်ခံခဲ့ ကြသည်။
ထိုသို့လက်ခံရာတွင် သက်ဆိုင် ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကကိုဗစ် - ၁၉ ရောဂါစစ်ဆေးပေး ခြင်း၊ Quarantine ဝင်ရောက်ရ မည့် အထောက်အထားစာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန် ကြားချက်များကို ရှင်းလင်းပြော ကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ (ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီး သီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့်ရောဂါပိုးတွေ့ရှိသူများ အား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ် မှုဆိုင်ရာကိစ္စရပ်များကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်