Skip to main content

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ နဝမအစည်းအဝေးကျင်းပမည်

နေပြည်တော် နိုဝင်ဘာ ၁

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေးကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၂၊၃၊၄၊၅၊၆၊၇)ရက်၊ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်)၊ စနေ၊ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၊ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈၊ ၉) ရက်၊ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၆၊ ၂၇ ရက်) သောကြာ၊ စနေနေ့တို့တွင် (၄၇)ပါးစုံညီ နဝမအစည်းအဝေးကြီးကျင်းပမည်ဖြစ်သည်။

 

နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများသည်၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁) ရက်၊ (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်) သောကြာနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်