နေပြည်တော် အောက်တိုဘာ ၃၁
PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲနှင့် ပန်ဆန်ကျေးရွာသို့ ဆက်သွယ်ထားသော ဂုံဘို(ယောချောင်း) ချောင်းကူးတံတားကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲခန့် က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ သစ်သားကြမ်းခင်း အရှည် ၃ဝ ပေ၊ အကျယ် ၂ ပေ နှင့် ဝဲဘက်ခြမ်းလက်ရန်းပြုတ်ထွက်ပြီး တံတားဒေါက်တိုင်အုတ်ခုံ ပျက်စီးခဲ့သည်။
ဂုံဘို(ယောချောင်း) ချောင်းကူးတံတားမှာ အရှည် ၆၉ဝ ပေအကျယ် ၁၆ ပေ သံဘောင်ဘေလီ အမျိုးအစားဖြစ်ကြောင်း၊ ပျက်စီးသွားသော အဆိုပါ ချောင်းကူးတံတားအား သက်ဆိုင်ရာအဖွဲ့မှ သွားရောက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် ယာဉ်ငယ်များ သွားလာနိုင် ပြီဖြစ်ကြောင်း သိရသည်။