Skip to main content

လပွတ္တာခရိုင်တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် နည်းပညာပေးသင်တန်းဖွင့်

နေပြည်တော် အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ၏ ညွှန်ကြားမှုဖြင့် လပွတ္တာခရိုင် ငါးလုပ်ငန်း ဦးစီးမှူးရုံးတွင် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) နည်းပညာပေး သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ သင်တန်းကာလမှာ အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိဖြစ်ပြီး သင်တန်းတွင် တလုပ်လှ ငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်အေအေးမင်း၊ လက်ထောက်ဦးစီးမှူး ဒေါ်ရတနာကြူ၊ မြို့နယ် ဦးစီးမှူး ဦးထွန်းဝင်းအောင်တို့က GAqP နှင့် ပတ်သက်၍ စာတွေ့၊ လက်တွေ့ဖြင့် အသိပညာ ပေးသင်ကြားပြီး သင်တန်းတွင် ခရိုင်နှင့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက် ကြောင်း သိရသည်။

သတင်းစဉ်