Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲများ ပြုလုပ်

နေပြည်တော် အောက်တိုဘာ ၃၀

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနားမြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့၊ သာပေါင်းမြို့၊ လပွတ္တာမြို့၊ ဒေးဒရဲမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့တို့၌ အသီးသီး ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပါသည်။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG၊ CRPHi PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG၊ CRPH PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင် ကြ၊ ပြည်ထောင်စုမပြိုကွဲရေးဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ မြန်မာ့ပြည်တွင်းရေး ပြည်ပစွက်ဖက်မှု အလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လုပ်ငန်းစဉ် (၅)ရပ်အား ထောက်ခံပါသည်။ ဒီမို ကရေစီအရေခြုံ ကွန်မြူနစ်လုပ်ရပ်ကျဆုံးပါစေ၊ NUGI PDF same:unda sa Gogosi NUGI PDF အကြမ်းဖက်မှုတွေ မြင်အောင်ကြည့်၊ NUG PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှု ချက်ချင်း ရပ်” စသည့်စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင် ကြွေးကြော်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်