Skip to main content

ကျိုင်းတုံမြို့နှင့် မုဒုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်အောက်တိုဘာ ၃၀

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များ စားရေးအဆင် ပြေစေရေးအတွက် တပ်မတော် နှင့် စေတနာရှင် အလှူရှင်များ | က စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်း လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် စားသောက် ဖွယ်ရာများကို တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး၌ လည်းကောင်း၊ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက မုဒုံမြို့နယ်ရှိ စစ်မှု ထမ်းဟောင်းအဖွဲ့ရုံး၌ လည်းကောင်း အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်