နေပြည်တော်၊ အောက်တိုဘာ ၂၈
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ ရောဂါဖြစ်ပွားမှုနှုန်းများ ကျဆင်းလာမှုတို့နှင့် ပတ်သက်၍ “ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဗဟိုကော်မတီတော့ ဖွဲ့ထား တာရှိပါတယ်။ သို့သော်လည်း ဗဟိုကော်မတီနဲ့ ပိုပြီးတော့ ကျစ်ကျစ်လျစ်လျစ် ရှိအောင် ဆိုပြီးတော့ အရေးကြီးတဲ့ပုဂ္ဂိုလ်တွေလောက်ပဲ အစည်း အဝေးခေါ်ပြီးလုပ်ခဲ့တာ။ အဲ့ဒီတော့ ပြီးခဲ့တဲ့ဇူလိုင်လကတော့ ကျွန်တော်တို့ အတော်လေးများခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစည်းအဝေး မှာလည်း ကျွန်တော်ပြောခဲ့တယ်။ ဇူလိုင်လ ၁၄ ရက်နေ့က အားလုံး ၇၀၈၃ ယောက်ဖြစ်ခဲ့ပြီး ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း ဖြစ်ခဲ့တာကို တွေ့တယ်။ Percentage အမြင့်ဆုံးကတော့ ၂၃ ရက်၊ ၇ လမှာ ၅၅၀၆ ယောက်နဲ့ ၄၀ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒီကနေပြီးတော့။ ဗဟို ကော်မတီ ကနေပြီးတော့မှ တောက်လျှောက်ကို အပတ်စဉ်လုပ်ငန်းညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ပေး တာပေါ့။ နေ့စဉ်ကလည်း ဒုဥက္ကဋ္ဌ ဦးစီးပြီးတော့မှ ကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးမှုတွေ ကြောင့်၊ တစ်ဖက်ကလည်း ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက်တွေ ဒီဘက် ကလည်း နိုင်ငံတော်အပိုင်းကလုပ်ရမယ့်ဟာတွေလည်း ထိထိရောက်ရောက် လုပ်လာနိုင်တယ်။ တစ်ဖက်ကလည်း ပြည်သူအပိုင်းကနေပြီးတော့ ပိုပြီးတော့မှ အလေးထားပြီး ဆောင်ရွက်တဲ့ အတွက်ကြောင့်။ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် တွေကိုလိုက်နာဆောင်ရွက်တာပေါ့၊ တစ်ချက်ကတော့။ ဒုတိယကဘာလဲဆိုတော့ လိုအပ်ချက်တွေကို ဝိုင်းကူကြတာပေါ့၊ လိုအပ်ချက်တွေကိုဝိုင်းကူကြတယ်၊ ဥပမာအားဖြင့် ဆေးတွေလှူကြတယ်၊ ကာကွယ်တဲ့ ပစ္စည်းတွေ လှူကြတယ်၊ အောက်ဆီဂျင် မရရအောင်၊ တကယ့်စေတနာရှင်တွေကနေ။ ရအောင်။ ပြည်ပနိုင်ငံတွေကနေ မရ ရအောင် ဝယ်ယူပြီးတော့ ဆောင်ရွက်ပေးတာတွေ၊ ဒါတွေကြောင့် တော်တော်ကြီးကို ဒါအကျိုးသက်ရောက်မှုရှိပါတယ်။ အကျိုးသက်ရောက်မှု ရှိပြီး တော့ နောက်ဆုံး မနေ့က ဆိုရင် ၄ ရာခိုင်နှုန်းကျော်လောက်ထိပဲဖြစ်လာခဲ့တာကို တွေ့ပါတယ်။ ကျွန်တော့် ရည်မှန်းချက်ကတော့ အောက်တိုဘာ ၂၄ ရက်နေ့က ၅ ရာခိုင်နှုန်း အောက်တိုဘာ ၃၁ ရက်နေ့ကို ၃ ရာခိုင်နှုန်းလျှော့ချဖို့အတွက် Target ထားပြီးတော့ ကျွန်တော် ကော်မတီမှာ လည်း ပြောခဲ့ပြီးသားဖြစ်ပါတယ်။ အခုကတော့ ၄ ရာခိုင်နှုန်းကျော် လေးတော့ ဖြစ်နေသေး တာပေါ့။ အဲ့ဒီတော့ ဒါလေးတွေကိုလည်း တစ်ဖက်ကလည်း ဒီထက်ပိုပြီးတော့ ဖြစ်ပွားမှု ရာခိုင်နှုန်း ကျအောင် ဆောင်ရွက်ပေးဖို့လိုပါလိမ့်မယ်”
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရောဂါဖြစ်ပွားမှုနှုန်းများ သည့် မြို့နယ် များအား ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဦးစားပေး ဆောင်ရွက်ရန်လိုပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကူးစက်မှုများ အား စစ်ဆေး ဆောင်ရွက် ခြင်းဖြင့် ကာကွယ်ကုသရေးအတွက် အခွင့်အရေးရလာမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ကူးစက်မှုများအားမသိဘဲ အုံ့ပုန်းဖြစ်နေမှုများမှာ စိုးရိမ် စရာဖြစ်ကြောင်း၊ ကူးစက်မှု နှုန်းမြင့်နေဆဲ ဖြစ်သည့်မြို့နယ်များအား စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကူးစက်မှုနှုန်းလျော့ကျလျက်ရှိသည့် မြို့နယ် များတွင်လည်း ပေါ့ပေါ့ဆဆဖြင့် ဆောင်ရွက် ၍မရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် Stay at Home နှင့် သွားလာမှု ကန့်သတ်ခြင်းများ ဆောင်ရွက်ခြင်း၊ ရုံးပိတ်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအခါ ဖြစ်ပွား မှုနှုန်းများ ကျဆင်းလာပြီ ဖြစ်သဖြင့် အချို့မြို့နယ်များအား Stay at Home များ ဖြေလျှော့ပေးခဲ့ပြီး ရုံးများ ပုံမှန်အတိုင်းပြန်လည်တက်ရောက်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလား တူကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက် လျက် ရှိသကဲ့သို့ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ အတိုင်းအတာတစ်ခုအထိ ထိုးနှံပြီး ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေဖြင့် လက်ရှိအချိန်တွင် ၄ ရာခိုင်နှုန်းကျော် ကူးစက်မှု ရှိသော်လည်း ယခုထက်ပိုမိုလျော့ကျလာနိုင်သေးကြောင်း၊ ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် ခရီးသွားခြင်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ကူးစက်မှု နှုန်းများ မြင့်တက်လာသည်ကို မတွေ့ရကြောင်း၊ ကာကွယ်ဆေးထိုးနှံထားမှုများနှင့် ကိုဗစ် စည်းကမ်းအား လိုက်နာခဲ့မှုများ ကြောင့်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောဂါ ကူးစက် မှုနှုန်းများ ကျဆင်းလာချိန်တွင် ရပ်တန့်ထား ရသည့် ပညာရေးယန္တရား၊ ကုန်ထုတ်လုပ် မှုယန္တရားများနှင့် အကန့်အသတ်ဖြင့် ခွင့်ပြု ထားရသည့် သယ်ယူပို့ဆောင်ရေးယန္တရား များအားပြန်လည် ဆောင်ရွက်နိုင်ရေး စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်ဆောင်ရွက်၍မရနိုင်သော်လည်း ရောဂါကူးစက်မှုနှုန်း နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်ဆောင်ရွက်၍ ရကြောင်း၊ ပို့ဆောင်ရေးနှင့်ပတ်သက်သည့် လေကြောင်းလိုင်းများ၊ ရထားလိုင်းများ၊ ကားလိုင်း များအား အပိုင်းအလိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းများပြန်လည် ဖွင့်လှစ် နိုင်ရန် အတွက်လည်း အဆင့်အလိုက် ပြန်လည်ဖွင့်လှစ်နိုင်ရေး စဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြ ရန်လိုကြောင်း။
မိမိတို့နိုင်ငံလူဦးရေ၏ ၃၅ ရာခိုင်နှုန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများအား ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက ဒီဇင်ဘာလအတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အား ထိုးနှံပေးနိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ထိုးနှံပြီးသူများအား ခရီးသွားလာခွင့် ခွင့်ပြုပေးနိုင်မည့် အခြေအနေ၊ အလားတူ ပြည်ပ နိုင်ငံများမှ လာရောက်သူများအား ခွင့်ပြုပေးနိုင် မည့် အခြေအနေများအား ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်သူများ များစွာကျဆင်းသွားပြီး အရေးပေါ်လူနာများ၊ အောက်ဆီဂျင်လိုအပ်မှုများ လျော့နည်းလာ သည်ကို သိရှိရကြောင်း၊ ထိုသို့ ကျဆင်း သွားခြင်းမှာ အားလုံး၏ပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်ပင်ဖြစ်သဖြင့် ဝမ်းမြောက်ဖွယ်ပင်ဖြစ်ကြောင်း၊ ထပ်မံ ကူးစက်မှုမရှိစေရေး အတွက်လည်း ဆောင်ရွက် ရမည့်ကိစ္စရပ်များကို စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ပြောကြား ရာတွင် “ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြိုးစားနေတာရှိပါ တယ်။ တရုတ်နိုင်ငံနဲ့ ဆွေးနွေးနေတာရှိတယ်။ ရုရှားနိုင်ငံနဲ့ဆွေးနွေးနေတာရှိတယ်။ မနေ့ကပဲ ရုရှားက ကိုယ်စား လှယ်အဖွဲ့တွေ အချို့ကျွန်တော့်ကိုလာပြီး တင်ပြတာရှိ တယ်။ သူတို့ ဘယ်လိုလုပ်ပေး နိုင်ပါတယ်ဆိုပြီး ဒီလိုပြောလာတာရှိတယ်။ ဒါလည်း ကျွန်တော်တို့က ဒီဆေးကလည်း ရေရှည် ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်တို့ အနေနဲ့လည်း ဒီဟာကိုအမြန်ဆုံး ဆောင်ရွက်ဖို့လည်းလိုတယ်။ အခုက ကျွန်တော်တို့ ဝယ်နေရတယ်၊ တောက်လျှောက် ဝယ်နေရတယ်။ တရုတ်နိုင်ငံက ရောင်း ပေးလို့ပဲ။ တရုတ်နိုင်ငံကသာကျွန်တော်တို့လိုသလောက် ရောင်းမပေးနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဒီအခြေအနေမျိုးရောက်နိုင်စရာ အကြောင်း မရှိဘူး။ ဒီနေရာမှာ အခွင့်ကြုံတဲ့အချိန်မှာလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို ဒီလိုကာကွယ်ဆေးတွေရရှိအောင် အချိန်နှင့်တစ်ပြေးညီ မျှဝေဆောင်ရွက်ပေးတဲ့ အတွက်လည်း မြန်မာနိုင်ငံရဲ့ ကိုယ်စားကျေးဇူးတင်ကြောင်းလည်း ကျွန်တော် ပြောလိုပါ တယ်ဗျာ။ ဘာပဲပြောပြော ဖြစ်ပွားမှုနှုန်းကျသွားတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါကြောင့်၊ စောစောကပြောတဲ့ ဇူလိုင်လတို့မှာတော့ သေဆုံးမှုနှုန်းမြင့်ခဲ့တာကိုး။ အဲ့ကနေပြီးတော့ တောက်လျှောက်ကျလာတာ မနေ့ကဆိုဆယ်ဂဏန်းလေးပဲရှိတော့တယ်။ ဆယ်ဂဏန်း ကျော်ကျော် လေးပဲရှိတယ်။ တော်တော်လေးဝမ်းသာဖို့ ကောင်းပါတယ်။ သူများတိုင်းပြည် တွေ တစ်ချို့ဆို ပြန်ပြီးကူးစက်မှုများနေတဲ့အချိန်မှာ သေတဲ့နှုန်းလည်း များနေတဲ့အချိန်မှာ ကျွန်တော် တို့က ဖြစ်ပွားမှုနှုန်းရော သေတဲ့နှုန်းရော တော်တော်လေးကိုကျသွားတာ။ အဲ့ဒီတော့ အင်မတန်ကို ကုသိုလ်ကံ ကောင်းတယ် လို့ပြောရလိမ့်မယ်။ အဲ့ဒီတော့ တစ်ဖက်က ခုနကပြောတဲ့ ထိုးဆေးနဲ့ ပတ်သက်ရင် လည်း ထိုးဆေးက။ ကျွန်တော်တို့က ဒီရောဂါသည် ယှဉ်တွဲနေထိုင်ရမယ့် ရောဂါ တစ်ခုလိုဖြစ်နေတယ်။ လုံဝပျောက်ကင်းမယ်လို့ ဘယ်နိုင်ငံကမှ မပြောဘူး။ ကမ္ဘာ့ ကျန်းမာရေးကလည်း မပြောဘူး။ ဘယ်နိုင်ငံကမှလည်း အဆိုမပြုဘူး၊ သုံးသပ်ချက် မထုတ်ဘူး။ ကျွန်တော်တို့ဒီရောဂါသည် ယှဉ်တွဲသွားရမည့်ရောဂါတစ်ခုလို့ ပြောထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့က ကာကွယ်ဆေးကတော့ အနည်းဆုံး ၆ လတစ်ကြိမ်တော့ထိုးနေရမယ့် အနေအထားရှိပါတယ်။ နောက် အသက်ပြည့်တဲ့ အရွယ် ရောက်တဲ့ ကလေးတွေ။ မထိုးရသေးတဲ့အဖွဲ့တွေလည်းကျန်နေသေးတယ်။ အခုတော့ ကမ္ဘာ့ ကျန်းမာရေးက၊ အမေရိကန် FDA ကတော့ ကလေးတွေထိုး ခွင့်ရှိတယ်ဆိုပြီး မနေ့ကတော့ အကြံပြုချက်တွေပေးတာတွေ့ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအဆင့်ထိသွားမယ်ဆိုလို့ရှိရင် နောက်ထပ် ဆေးတွေအများကြီး လိုလာဦးမှာဖြစ်ပါ တယ်။ လာမယ့်နှစ်တွေမှာလည်း ၆ လပြည့်တိုင်း ပြန်ထိုးရမယ့် ဆေးတွေကလည်း သန်းနဲ့ချီပြီးလိုမှာဖြစ်တယ်။ ဒါကြောင့် ထိုးဆေး ကမဖြစ်မနေ ပြည်တွင်းမှာထုတ်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံး တစ်လကို လေးငါး သန်းတော့ ထုတ်နိုင်ဖို့လိုပါတယ်။ ဒါကတော့ သေချာပြန်တွက်ရမှာပေါ့။”
ယင်းနောက် ကာကွယ်ဆေးထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ်များရှိသကဲ့သို့ ကုသမှုလုပ်ငန်း များ ဆောင်ရွက်နေသည့် ဆေးရုံများတွင်လည်း ကုန်ကျစရိတ်များရှိ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါတစ်ခုတည်းအပေါ်တွင် သုံးစွဲရသည့် နိုင်ငံတော်ဘဏ္ဍာ ငွေများမှာ ဘီလီယံနှင့်ချီ၍ ကုန်ကျကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ ကုန်ကျမှုအား လျှော့ချနိုင်ရန်အတွက် ကျန်းမာ အောင်နေထိုင်ရန်လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း နိုင်ငံတော်ဝင်ငွေရရှိရန် အတွက် ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုများ မြှင့် တင်၍ ဝင်ငွေရအောင်ကြိုးပမ်း ဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက်အနေဖြင့်လည်း ကုန်ထုတ်လုပ်မှုများအား အားတတ် သရော အားပေးကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအလိုက်တစ်ဦးချင်း အလိုက် စီးပွားရေး ကောင်းမွန်ရေးအတွက် ဂရုတစိုက်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ဒေသစီးပွားတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းတိုင်ပင် ၍ စဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူ များက တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ လက်ရှိဖြစ်ပွား မှုနှင့် လျော့ကျ လာသည့် အခြေအနေများ၊ ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင် ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ဓာတ်ခွဲလူနာများအား တိုးမြှင့်ဆောင် ရွက်နိုင်ခဲ့မှုနှင့် ကုသ ဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများ၊ ရောဂါကူးစက်မှုအား တင်းကြပ်စွာ ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်နေသေးသည့် အခြေအနေများ၊ ရောဂါ ကူးစက်မှု လျော့ကျလာသည့် မြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး (Stay at home) စာရင်းနှင့် သတ်မှတ် စည်းကမ်း ချက်များမှ ဖြေလျော့ပေးခဲ့သည့် အခြေအနေများ၊ ပွဲလမ်းသဘင်များကို ပြန်လည်ကျင်းပပြု လုပ်နိုင်ရေး၊ ပြည်ပသို့ ထွက်ခွာမှု၊ ပြည်ပမှ ပြန်လည်ဝင်ရောက်မှုများကို ခွင့်ပြုပေးနိုင်ရေး၊ ပြည်ပလေကြောင်းခရီးစဉ်များ ပြည်တွင်းဝင်ရောက်မှု လွယ်ကူလျှင်မြန်စေရေး၊ Hotel များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်တွင်းခရီးစဉ်များ ပြန်လည်အသက်ဝင်စေရေး ဖြေလျော့ ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေများ၊ ရုံး၊ ဌာနများအလိုက် အင်အားအပြည့်ဖြင့် လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေး၊ အားကစားလေ့ကျင့်မှုများကို SOP များဖြင့် သတ်မှတ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေးထိုးနှံပေး နေမှု၊ ဆက်လက်ထိုးနှံပေးမည့် အခြေအနေနှင့် ထိုးနှံပြီးစီးသည့် အခြေအနေများ၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိ သည့် အခြေ အနေများ၊ နယ်စပ်ဝင်ပေါက်အသီးသီးရှိ မြို့များတွင် RT-PCR စက်များ တပ်ဆင်ထားရှိမှုနှင့် တိုးချဲ့တပ်ဆင်သွားမည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ တိုင်းရင်းဆေးမှတဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေး ထုတ်လုပ် နိုင်ရေး သုတေသနပြုစမ်းသပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း များကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးမှ တင်သွင်း ဖြန့်ဖြူးလျက်ရှိ သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိ ပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိကရုပ်သံ လိုင်းများမှ အသိပညာပေးလျက်ရှိသည့် အခြေအနေများ၊ ပြည်သူများ စိတ်အပန်း ပြေစေ ရေးအတွက် အစီအစဉ်များကို တိုးချဲ့ထုတ်လွှင့် ပြသပေးလျက်ရှိသည့် အခြေအနေများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အစရှိသည့် အနုပညာ လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဆောင်ရွက်နိုင်မည့် အခြေအနေများ။
မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအလိုက် ရောဂါပိုးကူးစက်ပျံ့ပွားမှု အခြေအနေ များ၊ ပြည်ပ ရောက် မြန်မာနိုင်ငံသားများအနေဖြင့် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဂိတ် အသီးသီးတို့မှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ မြို့နယ်အလိုက် Spot Check များ သတ်မှတ်၍ များများစစ်၊ မြန်မြန်တွေ့၊ မြန်မြန်ကု ဟူသည့် မူဖြင့် စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ ကာကွယ်ဆေးများ ဝယ်ယူရရှိမှု၊ ပေးပို့လှူဒါန်းသည့် ဆေးဝါးများရရှိမှု၊ ထပ်မံရရှိရေး ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ အာဆီယံမှ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရောက်ရှိမှု၊ ဖြန့်ခွဲပေးပို့ထားမှုနှင့် ထပ်မံရောက်ရှိလာမည့် အခြေအနေများ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများအား မြန်မာနိုင်ငံတွင် Ready to Fill ထုတ်လုပ်နိုင် ရေးဆောင်ရွက်နေမှု အခြေအနေများ။
Relif Flight များဖြင့် ခရီးသည်နှင့် ဆေးဝါးများ၊ ဆေးပစ္စည်းများ သယ်ယူ ပို့ဆောင်ခဲ့မှု အခြေအနေများ၊ ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေကြောင်းခရီးစဉ် များ၊ ရေကြောင်း ခရီးစဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေးခရီးစဉ်များကို ပြန်လည်ပြေးဆွဲ ဆောင်ရွက်နေမှု အခြေအနေများနှင့် တိုးမြှင့် ပြေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အောက်ဆီဂျင်စက်ရုံများဖွင့်လှစ်ထားရှိမှု၊ ထုတ်လုပ်မှုနှင့် လုံလောက် စွာထုတ်လုပ်နိုင်မှု အခြေအနေများ၊ အရံအနေဖြင့် Liquid Oxygen များ သိုလှောင်ထား ရှိမှု၊ အောက်ဆီဂျင် စက်ရုံအသစ်များ ထပ်မံတည်ဆောက်နေမှု အခြေအနေများ၊ ရောဂါ ကာကွယ်ရေး အထောက် အကူပြု Mask များ၊ Faceshield များ၊ လက်အိတ်နှင့် ဆေးထိုးအပ်များ ထုတ်လုပ် ဖြန့်ချိ ပေးနေမှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ဆက်လက်ထိုးနှံ ဆောင်ရွက် နေမှု၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ၊ သက်မွေးတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်မှ တက္ကသိုလ်များအပါအဝင် တက္ကသိုလ်အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိနေဆဲဖြစ်သည့် မြို့နယ်များအလိုက် Spot Check သတ်မှတ်၍ စစ်ဆေးခြင်း၊ ကုသခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ် တဝင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန် ကြီးချုပ်က လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျလာလျက်ရှိပြီး နယ်စပ်ဒေသများ တွင် ဖြစ်ပွားမှုနှုန်း ယခုထက် ပိုမိုလျော့ကျလာအောင် လုပ်ဆောင်နိုင် မည်ဆိုပါက ကုန်စည်စီးဆင်းမှုလျှင်မြန်ပြီး စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများအား အမြန်ဆုံးပို့ဆောင်၍ ဆေးထိုးနှံပေးသွားရန်လိုအပ်မည်ဖြစ် ကြောင်း၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် စိတ်ရောကိုယ်ပါ အပြည့်အဝ လုပ်ကိုင်နိုင်ရေးအတွက် ၎င်းတို့၏ လိုအပ်ချက်များကို စဉ်းစား ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးများ ပို့ဆောင်ခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် အားနည်းချက်များကြောင့် ပျက်စီးချို့ယွင်းမှုများ မဖြစ်ပေါ်စေရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း။
ရောဂါဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီးဖြစ်သကဲ့သို့ ပွင့်လင်း ရာသီသို့လည်း ရောက်ရှိလာပြီဖြစ်သဖြင့် အလှူမင်္ဂလာအခမ်းအနားများ၊ မင်္ဂလာဆောင်များ၊ ဘာသာရေးအခမ်းအနားများစသည့် လူစုလူဝေး ပြုလုပ်ရသည့် အခမ်းအနားများကို သတ်မှတ် စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးရန်လိုကြောင်း၊ အားကစား ဆောင်ရွက်မှုများကိုလည်း ကျန်းမာရေးရှုထောင့်မှ ရှုမြင်၍ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်နိုင်ရေး ခွင့်ပြုပေး ရမည်ဖြစ်ကြောင်း၊ စတုတ္ထလှိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် ဆေးရုံများ၊ စင်တာများ သာမက ဆေးရုံများတွင် လိုအပ်မည့် ကျန်းမာရေးဝန်ထမ်း၊ အောက်ဆီဂျင်၊ ဆေးရုံ သုံး ပစ္စည်းများကိုလည်း ပြည့်စုံမှုရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်လည်း လို အပ်မည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းများတိုးမြှင့်ပြေးဆွဲနိုင်ရေး ခွင့်ပြုဆောင်ရွက်ပေးရာတွင် ပြည်တွင်း လေကြောင်းလိုင်းများကို SOP နှင့်အညီ ဦးစွာခွင့်ပြုသွားရန် လိုအပ်ပြီး ပြည်ပ လေကြောင်းလိုင်းများအား သက်ဆိုင်ရာနိုင်ငံများ၏ ကူးစက်ဖြစ်ပွားမှုနှုန်းအလိုက် သတ်မှတ် ချက်များနှင့်အညီ ခွင့်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းရင်းဆေးများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ဆောင် မှုများကိုလည်း စဉ်ဆက်မပြတ် အားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျလာသည့်အတွက် အနုပညာဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သတ်မှတ်စည်းကမ်းအတိုင်းသာ လုပ်ဆောင် စေရေး ကြပ်မတ်ဆောင်ရွက်သွား ရန်လိုကြောင်း။
Relif Flight များပြေးဆွဲ၍ နေရပ်ပြန်များ၊ ဆေးနှင့် ဆေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေး နိုင်ခဲ့ပြီး တိုးမြှင့်ပြေးဆွဲသွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ကာကွယ် ဆေးဝယ်ယူရရှိမှုအား မိမိတို့ ရည်မှန်းထားသည့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် နိုင်ငံ့လူဦးရေ ၏ ၅၀ ရာခိုင်နှုန်းအား ပြည့်ဝစွာ ထိုးနှံ ပေးနိုင်ရေးအတွက် ထပ်မံချိတ်ဆက်ဝယ်ယူ သွားရန်လိုအပ်မည် ဖြစ်ကြောင်းနှင့် အခြားလိုအပ် သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျလာသည် ဆိုသော်လည်း အချက်အလက် Figure များမှန်ရန်လိုအပ်ပြီး မှန်မှသာလျင် Analysis လုပ်ဆောင်မှုများကို မှန်ကန်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေ၊ စစ်ဆေးသည့် အရေအတွက်၊ ရောဂါတွေ့ရှိသည့် ဦးရေ၊ သေဆုံးမှုများကို အမှန်အတိုင်း သတင်းထုတ် ပြန်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ Second Wave နှင့် Third Wave ကူးစက် ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီဖြစ်သော်လည်း ဆက်လက်စောင့်ကြည့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခြေခံစည်းကမ်းများ မှအစလိုက်နာရန်လိုအပ်မည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထူးခြားမှုများရှိပါက သတင်းပို့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာများအတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် စပ်ဆေးများအသုံးပြုခြင်း များကို ကြပ်မတ်ဆောင်ရွက်ကြစေ လိုပြီး ကျန်းမာရေးခွင့်ပြုချက်လိုင်စင်ရှိသည့် ဆေးဆိုင်၊ ဆေးခန်းများမှ ညွှန်ကြားသည့်ဆေးများကိုသာ သုံးစွဲစေရန်လိုကြောင်းနှင့် စပ်ဆေးများ၏ ဘေးထွက် ဆိုးကျိုးများကို သိရှိနားလည်နိုင်ရေး ကျန်းမာရေး အသိပညာပေးမှုများကို လုပ်ဆောင် ပေးရမည် ဖြစ်ကြောင်း၊ မြို့နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများမှအစ ရောဂါ ကူးစက် ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည့်၍ လိုအပ်သည်များ ကြပ်မတ် ဆောင်ရွက်ကြရန်လိုအပ် မည်ဖြစ်ကြောင်း။
ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ EAO နယ်မြေများ၊ နယ်စပ်ဒေသများ၊ တိုင်းရင်းသား ဒေသ များအထိ အကွက်စေ့စွာ ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါအပြင် အခြားရောဂါများနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးရန်လိုအပ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်