နေပြည်တော် အောက်တိုဘာ ၂၇
ဆေးရုံများအတွက် အီလက်ထရွန်နစ် ကျန်းမာရေးသတင်းအချက်အလက်စနစ် ပိုမိုကောင်းမွန်လာစေ ရေးနှင့်ပတ်သက်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် တာဝန်ရှိသူများ၊ တပ်မတော် ကြည်း၊ ရေ၊ လေ သတင်းနှင့် နည်းပညာဌာနမှ ဌာနကြီးမှူး ဗိုလ်မှူးချုပ် မြတ်မင်းဦးနှင့် တာဝန်ရှိသူများ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ မြောက် ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် ပြည်သူ့ဆေးရုံ ကြီး ပျဉ်းမနားမြို့မှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ကျန်းမာရေး သတင်းအချက် အလက်စနစ်မှာ ဆေးကုသရေးလုပ်ငန်း ပိုမိုကောင်းမွန်စေရေးအတွက် အဓိက အထောက်အပံ့ဖြစ်ပြီး လူနာသတင်းအချက်အလက်များကို အီလက်ထရွန်နစ်နည်းပညာဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ပါက သတင်းအချက်အလက်များကို လျင်မြန်စွာ ကြည့်ရှု သုံးသပ်နိုင်မည်ဖြစ်ခြင်းကြောင့် ဆေးကုသမှုလုပ်ငန်းသာမက ရောဂါကာကွယ်ရေးလုပ်ငန်း များကိုပါ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ဆေးရုံများတွင် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာ ရေးသတင်းစနစ် (District Health Information SoftwareDHIS -2) ကို အသုံးပြု၍ သတင်း အချက်အလက်စနစ်ကို ထူထောင်ထားရှိကာ ဆောင်ရွက်နေပြီး အချို့ ဆေးရုံများတွင်လည်း ဆေးရုံအလိုက် လိုအပ်ချက်အရ Labor atory services, Radiology services တို့အတွက် အီလက် ထရွန်နစ်စနစ်ဖြင့် ဆောင်ရွက်နေကြသည်များ ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကသတင်း အချက်အလက်များ၊ မှတ်တမ်းများ စနစ်တကျထားရှိနိုင်ရေး အားပေးလမ်းညွှန်ခဲ့ပါသဖြင့် ဆေးရုံများအတွက် အီလက်ထရွန်နစ် ကျန်းမာရေး သတင်းအချက် အလက်စနစ်ဆိုင်ရာ လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေး အလွယ်တကူအသုံးပြုနိုင်မည့် စနစ်တစ်ခုကို စနစ်တကျတည်ထောင် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ အီလက်ထရွန်နစ် နည်းပညာဖြင့် သတင်းအချက် အလက်စနစ်တည်ထောင်ရာတွင် ဆေးရုံတစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်ရေး၊ ဆေးရုံအတွင်း ဌာနတစ်ခုနှင့်တစ်ခု ချိတ်ဆက်နိုင်ရေးတို့ ကိုပါ စီစဉ်ရန်နှင့် ပြည်သူ့ဆေးရုံအားလုံး တစ်ပြေးညီအသုံးပြုနိုင်မည့် အီလက်ထရွန်နစ် ကျန်းမာရေးသတင်း အချက်အလက်စနစ် အသုံးပြုနိုင်ရေး စီစဉ်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနကျန်းမာရေးသတင်း အချက်အလက်ဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါက်တာ စန်းဟုန် က လက်ရှိဆောင်ရွက်လျက်ရှိသော ဆေးရုံများအတွက် အီလက် ထရွန်နစ် ကျန်းမာရေးသတင်း အချက်အလက်စနစ် (DHIS-2) ဆောင်ရွက်နေမှုကို လည်းကောင်း၊ ဆေးရုံအုပ်ကြီးများက ဆေးရုံအလိုက် ဆောင်ရွက်လျက်ရှိသော အီလက်ထရွန်နစ်သတင်း အချက်အလက်စနစ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ဗိုလ်မှူးချုပ် မြတ်မင်းဦးက တပ်မတော်ဆေးရုံများ၌ ဆောင် ရွက်လျက်ရှိသော အီလက်ထရွန်နစ် သတင်းအချက်အလက်စနစ် ကိုရှင်းလင်းတင်ပြကာ ပြည်သူ့ဆေးရုံများ၌ ဆောင်ရွက်နိုင်မည့် အခြေအနေကို ဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ပြည်သူ့ဆေးရုံကြီး ပျဉ်းမနားမြို့နှင့် အထူးကုဆေးရုံကြီးတစ်ရုံတို့တွင် ရှေ့ပြေး(pilot)အနေဖြင့် စမ်းသပ်ဆောင်ရွက်ကာ ပိုမိုပြည့်စုံသော အီလက်ထရွန်နစ် ကျန်းမာရေး သတင်းအချက်အလက်စနစ်ကို တည်ထောင်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်