Skip to main content

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အသက်(၁၂) နှစ်ပြည့်ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသူ/ကျောင်းသားများ ကာကွယ်ဆေးထိုးရန်အတွက် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ဒဂုံဆိပ်ကမ်း၊ အောက်တိုဘာ ၁၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစီးအဝေး ခန်းမတွင် ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်၌ ၁၂ နှစ်ပြည့်ပြီး အလယ်တန်း၊ အထက်တန်းကျောင်းသား/သူများကာကွယ်ဆေးထိုးရန် ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေးတွင် ဦးစီးကော်မတီ၊ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းကော်မတီ၊ ကာကွယ်ဆေး ထိုးစာရင်းပြုစုခြင်း၊ ဖြည့်သွင်းရေးကော်မတီ၊ ပြန်ကြားရေးနှင့်အသိပညာပေးရေးကော်မတီ၊ လုံခြုံရေးကော်မတီများ အသီးသီးဖွဲ့စည်းခဲ့ကြပြီး ကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များကို ခွဲဝေယူရေး လုပ်ငန်းညှိနှိုင်း ခဲ့ကြပါသည်။

ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှုး၊ ဒေါက်တာ အေးမူယာကျော်မှ ကာကွယ်ဆေးထိုးနှံရေး အဖွဲ့(၂) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှာဖြစ်ပြီး ဆေးထိုးရက်ကို အောက်တိုဘာ (၁၄၊ ၁၅၊ ၁၆၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅)ရက်နေ့ကို ဆေးထိုးရက်သတ်မှတ်ထားပြီး ကျောင်းသားစုရပ် အနေဖြင့် အ.ထ.က( ၂) ၊ အ.ထ.က( ၅)၊ အ.ထ.က( ၄)၊ အ.မ.က( ၇)၊ အ.ထ.က (၁)၊  ကျီစု(အရှေ့)၊ ညောင်ပင်တို့၌ ဆေးထိုးပေးမည်ဖြစ်ကြောင်း၊ ဆေးထိုးရမည့်အချိန်ကို နံနက် ၉:၃၀ မှ ညနေ ၁၄:၃၀ ထိ ထိုးပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ဆေးထိုးနှံမပေးရမည့် ကလေးများ၏ ကျန်းမာရေး အခြေအနေနှင့် ဆေးထိုးနှံပြီး ကလေးများအားနာရီဝက် စောင့်ဆိုင်းနေရန် ပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁)  ဗိုလ်မှူး နေဝင်းအောင်၊ အဖွဲ့ဝင် (၂) ဦးလှကြည်၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာအေးမူယာကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လဲ့လဲ့ (ပြန်/ဆက်)