Skip to main content

အကြမ်းဖက်နှင့်အစွန်းရောက်ဝါဒ ဝိုင်းဝန်းတိုက်ဖျက်

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒများကို  မည့်သည့်လူမျိုး၊မည့်သည့်နိုင်ငံကမျှ လက်ခံကြ ခြင်း မရှိသည့်အပြင် ၎င်းတို့နိုင်ငံ၌ အကြမ်းဖက်နှင့်အစွန်းရောက်မှုများပေါ်ပေါက်လာလျှင် ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်းမြစ်ဖြတ်ချေမှုန်း တိုက်ဖျက်ကြ သည်ကို တွေ့ရမည်ဖြစ် သည်။ သို့သော် ယခုအခါ နိုင်ငံတကာအသိုက် အဝန်းအချို့၌ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက် မှုများ အားပေးလာသည်ကို တွေ့ရသည်။ “ထို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တို ဘာလ ၉ ရက်နေ့က နိုင်ငံတကာအသိုက်အဝန်းများ အနေဖြင့် အကြမ်းဖက်ဝါဒနှင့်အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှုခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားကြရန် စစ်မှန်စွာမျှော်လင့် ကြောင်း သတင်း ထုတ်ပြန်ထားရာ အကြမ်းဖက်ဝါဒ၊ အစွန်းရောက်ဝါဒတို့ကို မလိုလားသောနိုင်ငံများ အနေဖြင့် လက်တွဲပူးပေါင်းတိုက်ဖျက် သင့်ကြပေသည်။

 

“လက်ရှိအချိန်အခါတွင် နိုင်ငံခြားသံရုံးများမှသံတမန်အချို့နှင့် ကုလသမဂ္ဂရုံး များ၊အထူး အေဂျင်စီများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေး ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ စိစစ်အတည်ပြု နိုင်ခြင်းမရှိသည့် သတင်းအရင်း အမြစ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်သူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများထံမှရရှိသော လိုရာဆွဲသည့် စွပ်စွဲချက်များ၊ မှန်ကန်မှု မရှိသော တစ်ဖက်သတ်သတင်း အချက်အလက် များအပေါ် အခြေခံကာ ဝေဖန် ပြောဆိုမှုများ ကြေညာချက်များ ထုတ်ပြန်နေကြသည်ကို တွေ့ရသည်။

 

ထို့အပြင် ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့ တို့ကလည်း တရားမဝင်အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUS) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းနှင့် ထောက်ခံအား ပေးခြင်း၊ ၎င်းတို့၏နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည် ပြုခြင်း တို့ကို တစိုက်မတ်မတ်ပြု လုပ်နေကြသည်ကို တွေ့ရမည် ဖြစ်သည်။

 

ယင်းတို့နှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော် အမတ်များ အနေဖြင့် အဆိုပါအကြမ်းဖက်အုပ်စုများ နှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စု များကို သက်ဆိုင်ရာနိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်း စသည့် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် အစိုးရ၏ကြိုးပမ်းအား ထုတ်မှု များ ကိုထိခိုက်စေကာ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက် စွက် ဖက်ရာရောက်သည့်အချက်ကို အလေး အနက် သတိပြုမိ ရန် လိုပေသည်။

 

အဆိုပါလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာအကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေများနှင့် လုပ်ငန်း စဉ်ကိုလည်း ချိုးဖောက်ရာရောက်နေ သည်ကို သတိပြုဆင်ခြင်မိရန်လည်း လိုအပ်ပေသည်။ “ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံတစ်နိုင်ငံက အသွင်မတူသောနိုင်ငံများ၊ အားနည်းသောနိုင်ငံ ငယ်များအပေါ်တွင် သြဇာလွှမ်းမိုးမှု၊ အနိုင်ကျင့်ဗိုလ်ကျလိုမှု၊ ခေတ်သစ်လစ်ဘရယ်ဝါဒ သွတ်သွင်းလိုမှုတို့ကို အစဉ်တစိုက်ကြိုးပမ်းကြံစည် အားထုတ်လျက်ရှိနေသည်ကို တွေ့ရ မည်ဖြစ်သည်။ ၎င်းနိုင်ငံကြီးနှင့် အပေါင်းအပါ နိုင်ငံများ၊ ဆက်စပ်ပတ်သက်သော နိုင်ငံများနှင့် အဖွဲ့အစည်းများသည် ၎င်းနိုင်ငံကြီး ၏ဝါဒ၊ ၎င်းနိုင်ငံကြီး၏ရည်မှန်းချက်အတိုင်း နိုင်ငံတကာ ကျင့်ဝတ်များ၊ ပဋိညာဉ် စာတမ်းများ၊ဥပဒေများကို မျက်ကွယ်ပြု၍ မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်ထားသော သတင်းအရင်းအမြစ်များ၊ အချက်အလက်များအား အထောက်အထားယူ၍ မြန်မာ နိုင်ငံအပေါ် ဆန့်ကျင်တိုက်ခိုက်မှုများ၊ ဖိအားပေးမှုများ၊ အကျပ်ကိုင်မှုများမှာ အစောပိုင်း ကာလမှ ယနေ့အချိန်အထိ အစဉ်တစိုက်ပြုလုပ်နေသည်ကို တွေ့ရမည် ဖြစ်သည်။

 

ယခုအခါတွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဝါဒသွတ်သွင်း၍အကြမ်းဖက် လုပ်ငန်းစဉ်များ တောက်လျှောက်ပြုလုပ်နေသော (CRPH)၊ (NUS) နှင့် ဆက်စပ် ပတ်သက်သည့်အကြမ်းဖက် သမားများ၏ လက်ချက်ကြောင့်ဖြစ်ပေါ်ခဲ့သော အခြေအနေမှန်များကို လေ့လာခြင်း၊ စိစစ်သုံး သပ်ခြင်းမပြုဘဲ အကြမ်းဖက်အဖွဲ့နှင့် လူပုဂ္ဂိုလ်တို့အား ထိတွေ့ဆက်ဆံခြင်း၊ အားပေးအား မြှောက်ပြုခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လှုပ်ရှားဆောင်ရွက်ခွင့်ပြုခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့်အပြင် နိုင်ငံ၏အချုပ်အခြာအာဏာကို လည်း ထိပါးရာရောက်သည်သာမက နိုင်ငံတကာက အသိအမှတ်ပြုထားသော အကြမ်းဖက် မှုတိုက်ဖျက်ရေးဥပဒေနှင့် လုပ်ငန်းစဉ်များအား ချိုးဖောက်ရာရောက်နေပေသည်။

 

သို့ဖြစ်ရာ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ၏ အသွင်သဏ္ဌာန်မျိုးစုံတို့ကို မြန်မာနိုင်ငံ အနေဖြင့် မည်သည့်အခါမှ လက်မခံဘဲ ဆန့်ကျင်ခဲ့သည့် တစ်သမတ် တည်းရပ်တည်ချက်ကို ယခုထပ်လောင်းအတည်ပြုပြီး အကြမ်းဖက်ဝါဒသွတ်သွင်းသူ များ၊ ကျူးလွန်သူများကို တည်ဆဲဥပဒေများအရ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတကာအသိုက် အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့်အစွန်း ရောက်ဝါဒကိုလျစ်လျူရှုခြင်းမပြုဘဲ မြန်မာနိုင်ငံနှင့် အတူ လက်တွဲတိုက်ဖျက်သွားရန် တိုက်တွန်းအပ်ပါကြောင်း။ ။

 

ကြေးမုံ အယ်ဒီတာ့အာဘော်