Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းထားသော နိုင်ငံတကာ ဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်ဝင်း အစား ဗိုလ်မှူးချုပ် ဝင်းမိုးအား လည်းကောင်း၊ နိုင်ငံသားများ ၏မူလအခွင့်အရေးဆိုင်ရာကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုးလွင် အစား ဗိုလ်မှူးချုပ် ဇော်ဝင်းအား လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုး တက်ရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခင်မောင်ထွန်းအစား ဗိုလ်မှူးချုပ် သက်ထွန်းအောင် လည်းကောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုးဝင်း အစား ဗိုလ်မှူးချုပ် အောင်ဇော်လှိုင်အား လည်းကောင်း အစားထိုးလဲလှယ် ဖွဲ့စည်းခြင်းအတွက် လွှတ်တော် ၏  သဘောထားရယူအတည်ပြုသည်။

ထို့နောက် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ တွံတေးမြို့နယ်အတွင်းရှိ “အမျိုး သမီးများ ပြုစုစောင့်ရှောက်ရေးဌာန” အား အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သင်တန်းကျောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က  အဆိုပါ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (တွံ တေး) ကို ယခုအခါတွင် မိမိတို့ဝန်ကြီးဌာနက ရေးဆွဲလျက်ရှိသည့် ပြည့်တန်ဆာဆိုင် ရာဥပဒေတွင် ပါဝင်သည့် လိင်လုပ်သားများနှင့် ပတ်သက်၍ ပြုစုစောင့်ရှောက်ရေးဌာန အသစ်တစ်ခုအနေဖြင့် ပြောင်းလဲဖွင့်လှစ်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်း။

လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ၁၉၄၉ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက် ဥပဒေကို  ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း ပြင်ဆင် ရေးဆွဲလျက်ရှိရာ ဥပဒေမူကြမ်းတွင် ဥပဒေပါ ပြဋ္ဌာန်းချက်အရ လိင်လုပ်သား များ၏ လူမှုဘဝရပ်တည်နိုင်ရေး၊ စိတ်ပိုင်းရုပ်ပိုင်း ပြန်လည်ထူထောင်ပေးခြင်း၊ အသက် မွေး ဝမ်းကြောင်းပညာသင်ကြားပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ လက်လှမ်းမီရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို သင်တန်း ကျောင်းဖွင့်လှစ်ဆောင်ရွက်ပေးရန်ဆိုသည် တို့ကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ သို့ပါ၍ အဆိုပါ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက အမျိုးသမီးများပြုစုစောင့်ရှောက် ရေးဌာန (တွံတေး)ကို အဆိုပါ အမျိုးသမီးများ၏ ဘဝရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအအတွက် ပြောင်းလဲစောင့်ရှောက်၍ အသက်မွေးဝမ်းကျောင်းနှင့် ပြန်လည်ထူ ထောင်ရေး သင်တန်းများဖွင့်လှစ်သွားရန် လျာထားစီစဉ်ထားရှိပါကြောင်း ရှင်းလင်းဖြေ ကြားသည်။

ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၏ ဒေးဒရဲမြို့နှင့် တော်ကမယ်၊ ကျုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ဆက်သွယ်သော လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံ အား ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍  ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော် လင်းက အဆိုပါလမ်းအား ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် ဆောက် လုပ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ မိမိတို့ဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ အဆိုပါလမ်းသည် မြေသားလမ်းအဖြစ် ၁၁ မိုင် ၃ ဖာလုံ အထိ ကျန်ရှိနေပြီး ပွင့်လင်းရာသီတွင်သာ သွားလာနိုင်သည့်အတွက် ရာသီမရွေးသွားလာနိုင်ရန် ကျောက် ချောလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ အဆိုပါလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား၍ ရန်ပုံငွေရရှိမှု အပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

 သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ် တည်ဆောက်ရေးလုပ်ငန်းများတွင် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိ၍  ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြန်လည် ခွင့်ပြု ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေး နှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်း ၃၂၃ ခု   အနက် လုပ်ငန်း မပြီးပြတ်၍ ပြန်လည်အပ်နှံခဲ့သော လုပ်ငန်း ၁၂ ခု တန်ဖိုး ငွေကျပ် ၄၉၇၉ ဒသမ ၉၈၅ သန်း ရှိခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်း ၁၂ ခုအတွက် လိုအပ် သောရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ခွင့်ပြုချက် ရရှိပါက ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပါ ကြောင်း။

အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း လုပ်ငန်းပေါင်း ၅၁၄၀ ခုအတွက် ခွင့်ပြုရန်ပုံငွေ ငွေကျပ်  ၂၂၂ ဒသမ ၀၃၀ ဘီလီယံ ဖြစ်ပါ ကြောင်း၊ အဆိုပါလုပ်ငန်းများအနက် ၁၀၀ ရာခိုင်နှုန်းပြီးစီးသည့်လုပ်ငန်း ၂၉၁၇ ခု၊ ၉၉ ရာခိုင်နှုန်းမှ ၈၀ ရာခ်ိုင်နှုန်းအတွင်းပြီးစီးသည့်လုပ်ငန်း ၃၄၁ ခု၊ ၈၀ ရာခ်ိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအတွင်း ပြီးစီးသည့်လုပ်ငန်း ၈၃၅ ခု၊ ၆၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်း ပြီးစီးသည့် လုပ်ငန်း  ၅၂၀ ခု၊ ၄၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ပြီးစီးသည့် ၄၁၉ ခု၊  ၂၀ ရာခိုင်နှုန်းအောက် ပြီးစီးသည့်လုပ်ငန်း ၈ ခုတို့ဖြစ်ပါကြောင်း၊ ပြန်လည်အပ်နှံသည့် လုပ်ငန်းပေါင်း ၁၀၀ ရှိပြီး ယင်းတို့အတွက် နိုင်ငံတော်သို့ ၁၅ ဒသမ ၆၁၃ ဘီလီယံ  ပြန်လည် အပ်နှံထားပါကြောင်း၊ လုပ်ငန်းများအားလုံးအတွက် လိုအပ်သော ရန်ပုံငွေများ ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးသတ်နိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ ဖြည့်စွက် ရန်ပုံငွေအဖြစ် တင်ပြ တောင်းခံ သွားမည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်  ငွေလုံးငွေရင်းအသုံးစရိတ်များ အနက် အမျိုးသားစီမံကိန်းဥပဒေအရ မူလခွင့်ပြုရန်ပုံငွေတွင် ပါရှိသော လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအပေါ် မူတည်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြဆောင်ရွက်ခြင်းနှင့် မူလခွင့်ပြုရန်ပုံငွေတွင် မပါရှိသည့် လုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၏ မူလခွင့်ပြုငွေရန်ပုံငွေတွင်  ပြန်လည်လျာထားခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၁၀) အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆိုပါကျောင်း၌ ယခုနှစ်တွင် အလယ်ဆင့်သင်  ကျောင်းသား၊ ကျောင်းသူ ၅၅၅ ဦးရှိပါကြောင်း၊ အနီးဆုံးအထက်တန်းကျောင်းဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ဒဂုံတောင်)နှင့်လည်း သွားလာရေးခက်ခဲသည်ကို သိရပါကြောင်း၊ သို့ပါ၍ အဆိုပါကျောင်းအား လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွင်း ကျောင်းအဆင့်တိုးမြှင့်ရေးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားသည်။

 မြင်းခြံ မဲဆန္ဒနယ်မှ ဦးစိန်မြင့်၏  မြင်းခြံမြို့ မြို့နယ်ပညာရေးမှူးရုံးအား ရုံးအသစ် (၁)ရုံး ဆောက်လုပ်ပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆိုပါ ပညာရေးမှူးရုံးသည် လက်ရှိအားဖြင့် အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ပူးတွဲဆောက်လုပ်ထားပါကြောင်း၊ အဆိုပါ ကျောင်းဝန်းဧရိယာသည်  ၀ ဒသမ ၂၀ ဧက သာ ရှိသည့်အတွက် ထပ်မံဆောက်လုပ် ရန် မဖြစ်နိုင်ပါကြောင်း၊ နေရာအသစ်အတွက် မြေနေရာအား ဆောင်ရွက်ဆဲ  ဖြစ်ပါကြောင်း၊ သို့သော် ပိုင်ဆိုင်မှုအနေဖြင့် ပုံစံ၁၀၅ သို့မဟုတ် ဂရန် မရှိပါကြောင်း၊ ဘဏ္ဍာငွေလျာထားရာတွင် စည်းမျဉ်းစည်းကမ်းအနေဖြင့် မြေပိုင်ဆိုင်မှု အထောက် အထားရှိမှသာ လျာထား၍ ရပါကြောင်းနှင့်  မြေဂရန်ရရှိပါက အနီးစပ်ဆုံးဘဏ္ဍာနှစ် တွင် အဆောက်အဦအသစ်အတွက် ဘဏ္ဍာငွေရရှိရေး လျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ပလက်၀ မဲဆန္ဒနယ်မှ ဦးစိန်အောင်၏ မတူပီ-ပလက်၀ ကားလမ်းမှ ကျန်ရှိနေ သော (၃၁)မိုင် လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းကလည်းကောင်း၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏  မင်းတုန်းမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ် ခဲ့သည့်   ပေ (၉၀×၃၀) RC (၁) ထပ်ကျောင်းဆောင်သစ်၏ အခန်း(၃)ခန်းမှာ ယခုအက်ကွဲ လာသဖြင့် မည်သို့ ထပ်မံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် ထိုသို့ စံချိန်မမီဆောက် လုပ်ခဲ့သော ကုမ္ပဏီအား မည်ကဲ့သို့ အရေးယူမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက်  ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက  မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြင့်သဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) အကောင်အထည်ဖော်ရာတွင် အဓိကလုပ်ငန်းစဉ်ဖြစ် သည့် (ASEAN Free Trade Agreement-AFTA) အား ထူထောင်ရမည်ဖြစ်သည်။ သို့မှသာ  ကုန်စည်များ လွတ်လပ်စွာစီးဆင်းခြင်း (Free Flow of Goods)ကို ဆောင်ရွက်ရပါမည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည် မြန်မာ့စံချိန်စံညွှန်း (Myanmar Standard & Specification) ပါရှိရ မည်ဖြစ်ပြီး အာဆီယံနိုင်ငံအသီးသီးတွင် ထုတ်ကုန်ပစ္စည်းပေါင်း (၃၀၀၀) မှ (၁၀၀၀၀) ခန့် ရေးသားပြုစုပြီးဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသည့် ထုတ်ကုန်ပစ္စည်း ပေါင်း (၁၀၀၀)ခန့်ကို ASEAN Free Trade Agreement ကာလတွင် ရေးသားပြီးစီး နိုင်ရန် ပါဝင်ပတ်သက်သော ဝန်ကြီးဌာနများမှ ညှိနှိုင်းဆောင်ရွက်ကြရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းသည်။

ထို့နောက် ပန်းဘဲတန်း မဲဆန္ဒနယ်မှ ဦးနေဖူးဘဆွေက အဆိုအား ထောက်ခံ ဆွေးနွေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက အဆိုအားလက်ခံ ဆွေးနွေး ရန် သင့်၊ မသင့်  လွှတ်တော်၏ ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံ ဆွေးနွေးရန် ဆုံးဖြတ် ကြောင်း ကြေညာသည်။

ယင်းနောက် ပြည်သူ့လွှတ်တော ဒုတိယဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်မှ တင်သွင်းသည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေများကို ပဥ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ရန်အချက်များတင်ပြရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေ ကြမ်းကော်မတီတို့က ဆွေးနွေးကြပြီး  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သဘောထားမေးမြန်း၍ လွှတ်တော်အဆုံး အဖြတ် ရယူ အတည်ပြုသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက  ပြည်သူ့လွှတ်တော်ရွေး ကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘာထား ရယူရာ သဘောမတူသူ မရှိသည့်အတွက်  အတည်ပြုကြောင်းနှင့်  ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တင်သွင်းသည့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ များကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ရန်အချက်များကို တင်ပြရာ လွှတ်တော်ကိုယ် စားလှယ်များနှင့် ဥပဒေကြမ်း ကော်မတီတို့က ဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ သဘောထားမေးမြန်း၍ လွှတ်တော်အဆုံး အဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက  အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘာထား ရယူရာ သဘောမတူသူ မရှိသည့်အတွက်  အတည်ပြုကြောင်းနှင့်  ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တင်သွင်းသည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန်အချက်များကိုတင်ပြရာ လွှတ် တော်ကိုယ်စားလှယ်များနှင့် ဥပဒေကြမ်းကော်မတီတို့က ဆွေးနွေးကြပြီး ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ သဘောထား မေးမြန်း၍ လွှတ်တော်အဆုံး အဖြတ်ရယူ အတည် ပြုသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက  တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေး ကောက်ပွဲနည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများ အတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘာထားရယူရာ သဘောမတူသူ မရှိသည့် အတွက်  အတည်ပြုကြောင်းနှင့်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေ ညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမ နေ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)