Skip to main content

တွံတေးတူးမြောင်းဖြတ်ကျော် ၃၃ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်စဉ် ရေကြောင်း ခေတ္တပိတ်ထားမည်

နေပြည်တော် စက်တင်ဘာ ၈

တွံတေးတူးမြောင်း ဖြတ်ကျော် ၃၃ ကေဗွီ လှိုင်သာယာ-တွံတေးဓာတ်အားလိုင်း သွယ်တန်းခြင်း ကို တွံတေးတူးမြောင်း မိုင်တိုင် ၁၁ ဒသမ ၅ မိုင်နှင့် ၁၂ မိုင်အကြားတွင် (၁၁-၉-၂၀၂၁) နေ့မှ (၁၃-၉-၂၀၂၁) နေ့ အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်မည် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းခွင်၏ အထက်နှင့်အောက်ဘက်ရှိ တွံ့တေး တူးမြောင်းအတွင်းမှ ရေယာဉ်များဖြင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က စောင့်ဆိုင်းပြီး ရေလမ်း ခေတ္တပိတ်ထား မည်ဖြစ်သည်။ တွံတေးတူးမြောင်းကို ဖြတ်သန်းမည့် ရေယာဉ်များသည် လုပ်ငန်းခွင်မှ လွတ်ကင်းရာတွင် ရပ်နားစောင့်ဆိုင်းပြီး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ခွင့်ပြုမှသာ လုပ်ငန်းခွင်ကို ဖြတ်သန်းခုတ်မောင်းကြရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ရေလမ်းသတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

သတင်းစဉ်

 

 

 

https://t.me/iprdrnd