Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ် စက်ရုံကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန် စက်တင်ဘာ ၈

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေး သည်။

ပြောင်းလဲဆောင်ရွက်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ တာဝန်ရှိ သူများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် ဗဟိုပုံနှိပ်စက်သည် ယခင်ကတည်း က နိုင်ငံတော်၏ သမိုင်းဝင်မှတ်တမ်းများ၊ စာအုပ်စာတမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့သည်ဟု သိရပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပုံနှိပ်မီဒီယာကို အင်မတန်အလေးထား အားပေးပါ ကြောင်း၊ မိမိတို့ ဝန်ထမ်း များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိရှိ တာဝန်သိသိနှင့် ပုံနှိပ်မီဒီယာမှတစ်ဆင့် ပြည်သူများအား အတွေးမှန်၊ အသိမှန်များ ပေးနိုင်ရန် အရေးကြီး ပါကြောင်း၊ လူငယ်များကို ပုံနှိပ် မီဒီယာဖြင့်ဆွဲဆောင်၍ အနာဂတ် ဒီမိုကရေစီ လမ်းကြောင်းပေါ်သွားရာတွင် မှန်ကန်သော အတွေးအခေါ်၊ မှန်ကန်သော အသိများပေးစေလိုကြောင်း၊ လာမည့် ကာလများတွင် ပုံနှိပ်မီဒီယာ လုပ်ငန်းများကို သမားရိုးကျဆောင် ရွက်မနေဘဲခေတ်နှင့် လျော်ညီသည့် ပုံနှိပ်မီဒီယာဖြစ်အောင် ပြောင်းလဲဆောင်ရွက်သွားကြရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဝန်ထမ်း များကလည်း ပုံနှိပ်မီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။


ရှင်းလင်းတင်ပြ

ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင် က စက်ရုံသမိုင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဗဟိုပုံနှိပ်စက်ရုံ CTP ခန်း၊ Heidelberg စက်ခန်းတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရွက်ထိုးစက် စက်ကြံ့ခိုင်ရေးဆောင်ရွက် နေမှုနှင့် စာအုပ်ချုပ် ခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

သတင်းစဉ်