Skip to main content

Asia Pacific Joint Group (AP JG) မျက်နှာစုံညီအစည်းအဝေးကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၈

အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group – AP JG) ၏ မြန်မာနိုင်ငံ၏ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက် ဖျက်ရေး အဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ဘက်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဉီးဆောင်၍ ဥပဒေရေးရာ ဝန်ကြီးဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးစုံစမ်း စစ်ဆေး ရေးဉီးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး၊ ငွေရေးကြေးရေးကြီး ကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့မှ အဖွင့်အမှာစကားများ ပြောကြားကြပါ သည်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြား ရာတွင် ငွေကြေးခဝါချ မှုဆိုင်ရာအန္တရာယ်များကို နားလည်စေရေးအတွက် ကြီးကြပ်ရေးအာဏာပိုင် များနှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခြင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရေး အစီအမံ များပြုလုပ်ခြင်း၊ ပြည်ပငွေလွှဲဝန် ဆောင်မှုလုပ်ငန်းများအား လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ် စစ်ဆေးရေးဆောင်ရွက်ထားရှိမှု၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်သူများအား အရေးယူ ဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက် မှုများ၊ ငွေကြေးခဝါချမှုဆိုင်ရာပြစ်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများအား နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြား သေကျေစေသော လက်နက်များပျံ့ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြ ကြောင်းသိရသည်။

(သတင်းစဉ်)