Skip to main content

ရန်ကုန်မြို့ပတ်ရထားပေါ်၌ ရထားရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှုတွင်စီစဉ်ပါဝင်ခဲ့သူ မမြတ်ဖြိုးပွင့်၏ဝန်ခံပြောကြားချက်

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၄ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ခြောက်ဦးသည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ငါးဦးကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်နက်လေးလက်နှင့် ခဲယမ်းအချို့ကို အကြမ်းဖက်လက်နက် ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါ လုပ်ကြံသတ်ဖြတ်မှုတွင် စီစဉ်ပါဝင်ခဲ့သူ မမြတ်ဖြိုးပွင့်၏ ဝန်ခံပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

ကျွန်မနာမည်က မြတ်ဖြိုးပွင့်(ခေါ်) ဂျိုကာပါ။ မှတ်ပုံတင်နံပါတ်က၆/ကသန (နိုင်)၀၄၆၂၈၀။ လိပ်စာက တိုက် (2-A) မှန်ခန်း၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်သစ် ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ဖြစ်ပါ တယ်၊ အလုပ်အကိုင်က ကြက်ကြော်ဆိုင် ဖွင့်ထားပါတယ်။ ဖေဖော်ဝါရီ ရက်နေ့ တပ်မတော်က အာဏာထိန်းသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကျွန်မအနေနဲ့ အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှာ တစ်ကြိမ်သွားပြီး ပူးပေါင်းပြီး လျှောက်ဖူးပါတယ်။ ပြီးတော့ ပရဟိတစစ်ကြောင်း၊ အဲဒီ ပရဟိတစစ်ကြောင်းမှာ တစ်ကြိမ်သွားဖူးတယ်။ ကျွန်းတောလမ်းပေါ်မှာ ပရဟိတနဲ့ ဆက်စပ်ပြီးတော့သိတဲ့ အစ်မပိစိနဲ့ ကိုနေလင်းထွန်းကတစ်ဆင့် သိပြီးတော့ သူတို့က ခရီးတစ်ခုသွားဖို့ရှိတယ်။ ကျောပိုးအိတ်တစ်လုံးစာ အဝတ်အစား နှစ်စုံ၊ သုံးစုံနဲ့ ငွေနှစ်သိန်းလောက်ပါရင်ရပြီ။ အတူတူလိုက်မယ့်လူဘယ်နှဦး ရှိလဲမေးတဲ့အချိန်မှာ ဇေယျာဖြိုးနဲ့ကောင်းပြည့်စုံဦးဆိုတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့အတူ ကျွန်မတို့ လိုက်သွား ခဲ့ပါတယ်။ စုရပ်အနေနဲ့ Golden Park မှာတစ်ညအိပ်ပြီး နောက်နေ့မနက်မှာ အစ်မ Golden Garlic နဲ့ သူ့တူပါကျဲရယ် ကျွန်မနဲ့ ဇေယျာဖြိုးပါတဲ့ ကားတစ်စီးနဲ့ ထွက်ပြီး ပဲနွယ်ကုန်းကို သွားပါတယ်။ ပြီးရင် ဟိုဘက်မှာ အတီးလို့ခေါ်တဲ့ အမည်မသိလူတစ်ဦးကလာကြိုတယ်။ ပြီးတော့ ကျွန်မတို့ ခေါ်ဆောင်ရာ နောက်ကိုလိုက်ပြီး ချောင်းဘေးနေရာ တစ်ခုကိုရောက်သွားပါတယ်။ KNU နယ်မြေလို့တော့ ကျွန်မသိထားပါတယ်။ အဲဒီနေရာကို ရောက်တဲ့အချိန်မှာ သင်တန်းက သုံးရက်ပေးပါတယ်။ သင်တန်းပြီးတော့ ပြန်လို့ရတယ်ဆို ပေမယ့် အောက်မှာနယ်မြေ မငြိမ်းချမ်းလို့ဆိုပြီး မပြန်ရဘဲ လကုန်လောက်မှပဲ ပြန်ခွင့်ရခဲ့ပါတယ်။ ကျွန်မတို့ ဒီ ပိုင်းလောက် ရောက်တဲ့အချိန်မှာ အဖွဲ့ဝင်တွေက အတူတူနေရင်ပိုကောင်း တယ်၊ ကိုယ့်အိမ်မှာကိုယ်နေရင်မလုံခြုံ ဘူး၊ အဆင်မပြေတာတွေဖြစ်မယ်ဆိုလို့  ကိုနေလင်းထိုက်စီစဉ်ပေးတဲ့မေတ္တာညွန့် ရပ်ကွက်၊ မာလာနွယ်လမ်းထောင့်က တိုက်နံပါတ်၇ သုံးလွှာက ၃၀၂ အခန်းမှာ ကျွန်မချစ်သူဖြစ်တဲ့ ဇေယျာဖြိုး(ခေါ်) တရုတ်ရယ်အခြားအဖွဲ့ဝင်တွေနဲ့အတူတူ ကျွန်မတို့နေခဲ့ပါတယ်။ ကိုနေလင်းထိုက်(ခေါ်) ဗိုလ်လပြည့်ဝန်းက ကျွန်မတို့ရရှိတဲ့အလှူငွေ သိန်း ၁၀၀ကို  KNUကလူတွေနဲ့ ချိတ်ဆက်ပြီးတော့ လက်နက်ကိုမှာထားပါတယ်။ အဲဒီမှာထားတဲ့ လက်နက်က အတို နှစ်လက်၊ အရှည် တစ်လက်ရပါတယ်။ အဲဒီ လက်နက်တွေကို ၄၉ မိုင်မှာ ကိုနေလင်းထိုက်ရယ်၊ ပူးချယ်ရယ်၊ ကျွန်မရယ် သုံးယောက်သွား သယ်ပါတယ်။ သယ်လာပြီးတော့ လက်နက်တွေကို ဘုရားကြီးဘက်က မီးပွိုင့်မှာ ထားခဲ့ပြီး မိနစ် ၂၀ လောက် အကြာမှာ သူတို့ ပြန် ရောက်လာပါတယ်။ ရန်ကုန်ထဲကိုတော့ မပါလာပါဘူး။ တစ်လတစ်ကြိမ်လောက်တော့ အဖွဲ့ဝင်တွေ မျက်နှာစုံညီတွေ့တာ မျိုးတော့ လုပ်ပါတယ်။ ရထားကိစ္စနဲ့ ပတ်သက်ပြီး လပိုင်းမှာ ကျွန်မတို့တွေ့ တဲ့အချိန်မှာ ကိုနေလင်းထိုက်က အဆိုတင်သွင်းလာတယ်။ သူ့အနေနဲ့ အကွက်အကွင်း ကောင်းတဲ့နေရာလေး တစ်ခုတွေ့ထားတယ်။ မြို့ပတ်ရထားပေါ်မှာ ရဲအစောင့် သုံးလေးယောက် လောက်ပါတယ်၊ အဲဒါကို ညီတို့ညီမတို့ ဘယ်လို သဘောရလဲ ဆိုပြီးမေးပါတယ်။ အခြား လူတွေက ကိုဇော်ဂျီက မြေပြင် operation လုပ်ရင် သူက ဦးဆောင်တဲ့  လူဖြစ်တယ်လို့ပြောတဲ့အတွက် ကိုဇော်ဂျီက ဟုတ်ပြီအစ်ကို အဲဒါဆိုရင်တော့ ကျွန်တော်တို့ လေ့လာထားလိုက်မယ်ဆိုပြီး ပထမအကြိမ်က အဲဒီလောက်နဲ့  အဆုံးသတ်ပါတယ်။

ဒုတိယအကြိမ် ကျွန်မတို့ အစည်း အဝေးလုပ်တဲ့နေ့မှာ ရထားသွားတဲ့  လမ်းကြောင်းတွေရယ်၊ ဘူတာစဉ်တွေနဲ့ ရထားအဝင်အထွက် အချိန်တွေကို သိခဲ့ရပါတယ်။ ရထားစီး ပြီး စောင့်ကြည့်တဲ့ scout အဖွဲ့ကို ကျွန်မတို့က တစ်ဦးကို တစ်နေ့ တစ်သောင်းနှုန်းနဲ့ စရိတ်ပေးပါ တယ်။ ရထားရဲတွေကိုလုပ်ကြံတဲ့နေ့မှာ ကျွန်မပိုင်တဲ့ Honda Civic ကားကို  ပိုးဥ မောင်းပါတယ်။ ညနေပိုင်းလောက်မှာ Mizzima က သတင်းကိုဖတ်လိုက်ရပါ တယ်။ တစ်ဆက်တည်း ကျွန်မတို့ group မှာ mission အောင်မြင်ကြောင်းပြောတာကို ကျွန်မဖတ်လိုက်ရပါတယ်။ ရထားရဲလေးဦး သေဆုံးတယ်၊ နှစ်ဦး ဒဏ်ရာရတယ်၊ သေနတ်လေးလက်လုယူခံလိုက် ရတယ်ဆိုပြီး သိလိုက်ရတယ်။ အဲဒီ အတွက် ကျွန်မတို့အဖွဲ့က ပိုးဥဆီကို ကိုဂျိုးဆိုတဲ့လူက ချီးမြှင့်ငွေ ငါးသိန်း Kpay ကနေ လွှဲတယ်ဆိုတာကို group ထဲမှာပြောတာကို သိရပါတယ်။ အဲဒီနေ့ ပြီးတော့ မြောက်ဒဂုံက Golden Park မှာ အောင်ပွဲခံတဲ့အနေနဲ့ စားကြသောက်ကြတယ်။ အဲဒါကိုလည်း ကျွန်မပြန်သိရပါတယ်။ ရထားရဲတွေကို သတ် ပြီး ယူလာတဲ့ သေနတ်လေးလက်ကို နောက်ရက်မှာ စိတ်ချရအောင်ဆိုပြီး  NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ဆီကို ပေးလိုက်ပါတယ်။ သူတို့ကတစ်ဆင့် တိုက်ချွတ်ဆေး ကြောပေးထားပါတယ်။ ၃၁ ရက်နေ့မှာ သူတို့ဆီကနေတစ်ဆင့် ကိုနန်းနွယ်က ယူလာပြီး ကျွန်မအိမ်မှာ ကျွန်မက လက်ခံပြီး သိမ်းထားပေးတာပါ။ ကျွန်မ တို့အဖွဲ့ရဲ့ ငွေသုံးစွဲမှုက ကိုနေလင်း ထိုက်ကတစ်ဆင့် ရလာတဲ့ အလှူငွေတွေ ကို ကျွန်မနဲ့ မပိစိက ထိန်းသိမ်းပါတယ်။ သုံးစွဲမှုအနေနဲ့ ဒီအဖွဲ့ဝင်တွေရဲ့ နေထိုင် စားသောက်မှု စရိတ်တွေကို ကိုနေ လင်းထိုက်ရဲ့ ညွှန်ကြားမှု၊ စီမံခန့်ခွဲမှု အတိုင်း သုံးစွဲပါတယ်။ ပြီးတော့ ငွေစာ ရင်းရှင်းတမ်းကို လပိုင်းကစပြီး ၆လပိုင်းအကုန်အထိကို ရရှိငွေက ၂၄၁ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၆၀၀ ရှိပါတယ်။ အသုံးပြုပြီးတဲ့ ငွေက ၃၅ သိန်းကျော်ရှိပြီး လက်ကျန်ငွေ အနေနဲ့က မြန်မာငွေသိန်း ၂၀၀ ကျော်နဲ့ အမေရိကန် ဒေါ်လာ ၆၀၀ ကျန်ပါတယ်။

ဖောက်ခွဲရေးနဲ့ပတ်သက်ပြီး ပိုင်းမှာ ကျွန်မ ကားမောင်းပို့ပြီး ကိုရှမ်းလေးနဲ့ ပိုးဥတို့က ပန်းဆိုးတန်းမှာရှိတဲ့  အခွန်ရုံးမှာသွားပြီး ဖုန်းနဲ့ ခွဲတဲ့မိုင်းတွေသွားပြီး ထောင်ဖူးပါတယ်။ ပြီးတော့  ကျည်ဆန်ယူတဲ့နေရာမှာ ကိုနေလင်းထိုက်က တစ်ဆင့်ရတဲ့ အချိတ်အဆက်နဲ့ ကျွန်မနဲ့ တရုတ် နှစ်ယောက်က ရန်ကင်းနဲ့ ဘောက်ထော်ကြားလမ်း တစ်ခုမှာ မမ ကျည် ၃၀၀ ကျော်ကို သွားပြီး သယ်ဆောင်ဖူးပါတယ်။ ရထားရဲတွေ အသတ်ခံရတဲ့ ဖြစ်စဉ်ပြီးတဲ့ နောက်ပိုင်း ကိုနေလင်းထိုက်က ကား ဆရာတွေနဲ့အတူ လွတ်မြောက်နယ်မြေ ရောက်သွားပါတယ်။ ရောက်သွားပြီးတဲ့ အချိန်မှာ သူက အင်တာဗျူးတစ်ခုတော့ ဖြေမယ်လို့ပြောတယ်။ အဲဒီလိုပြောတော့ ကျွန်မတို့က ဒီအတိုင်းပဲနေလိုက်ပါတယ်။ နောက်ပြီးတော့မှ Myanmar Now ကနေပြီး အင်တာဗျူးပို့စ်တက်လာပါတယ်။ အဲဒီ အင်တာဗျူးပို့စ်ကြောင့် ကျွန်မတို့အခုလို ရဲတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်း ခြင်းကိုခံရပြီး ဖမ်းဆီးခံရတယ်လို့  ထင်ပါတယ်။ အဲဒီအင်တာဗျူးကြောင့်ပဲ ကျွန်မတို့အဖွဲ့ အထဲမှာလည်း ကိုနေလင်းထိုက်နဲ့ အဆင်မပြေတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ အဲဒီပို့စ်ကို ဖျက်ဖို့ ကျွန်မတို့ ကြိုးစားကြတယ်။ အဲဒါကမပျက်တဲ့အပြင် နောက်ရက်မှာပဲ Myanmar Now နဲ့ ကိုနေလင်းထိုက်ကပဲ အလှူခံပို့စ်နဲ့တွဲပြီး ထပ်တင်တယ်လို့ ယူဆပါတယ်။ လက်ရှိမှာ Myanmar Now မှာပါလာတဲ့ သတင်းကြောင့် ကျွန်မတို့က ဖမ်းဆီးထိန်းသိမ်းခံရတယ်။ ဒုတိယ အလှူခံ ပို့စ်တင်ပြီးတော့ အလှူခံ  ငွေတွေရခဲ့မယ်ဆိုရင် Myanmar Now နဲ့ ကိုနေလင်းထိုက်က လက်ခံပြီး သူတို့  အသုံးပြုမယ်လို့ ကျွန်မ ထင်ပါတယ်။ အဓိကကတော့ အဲ့ဒီသတင်းကြောင့် ကျွန်မတို့ အခုလို အဖမ်းခံရတာပါ။ ဒီရဲတပ်ဖွဲ့ဝင်တွေဆီက ယူထားတဲ့သေနတ် လေးလက်ကလည်း ကျွန်မ အဖမ်းမခံရခင် နှစ်ရက်အလိုကမှ NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်ဆီကနေ ကျွန်မလက်ထဲ ကို ရောက်တာပါ။ ဒီရထားရဲတွေကို အသတ်ခံရတဲ့ဖြစ်စဉ်ပြီးတဲ့နောက်ပိုင်း မှာ ကျွန်မ ဓာတ်ပုံတွေမြင်ရတယ်၊ သွေးတွေကိုမြင်ရတယ်။ ကျွန်မအနေနဲ့ သူတို့ကိုသနားမိတယ်၊ ကျွန်မရဲ့ဖြစ်တည်မှုကို  ကျွန်မက အဓိပ္ပာယ်မရှိဘူးလို့ခံစားရတဲ့ အတွက်ကြောင့် အဖွဲ့ ကနေထွက်ချင်တယ်။ အဲဒီအတွက် ကျွန်မအဖွဲ့က ထွက်တော့မှာဆိုပြီး ကောင်းပြည့်စုံ(ခေါ်) ကောင်းပြည့်ကိုပြောမိပါတယ်။ ထွက်ရင် သတ်ပစ်မှာဆိုပြီး သူက ပြန်ပြောပါတယ်။