Skip to main content

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော်  စက်တင်ဘာ  

 ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မျိုးချစ်ပန်းခြံရှိ Congress စင်တာ၌ ကျင်းပ ပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကိုလေး၊ ဗိုလ်ချုပ်  ဇော်လွင်ဦးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ   International Army Games-2021 ကို နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်မြေပြင်စွမ်းရည်ပြိုင်ပွဲ ၃၄ မျိုးပါဝင်ကာ ရုရှားနိုင်ငံအပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင်  ဆက်စပ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်များသည် တင့်ကား မောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon (Division-2) စံချိန် နာရီ ၂၈ မိနစ် ၀၅ စက္ကန့်ဖြင့် တတိယနေရာ၌လည်းကောင်း၊ မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှု တပ်ဖွဲ့ဝင်များသည် ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှား သီချင်းဖြင့် တစ်ဦးချင်းသီဆိုဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာ ယဉ်ကျေးမှုကို ပေါ်လွင်ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ဒုတိယဆုတို့ကို ဆွတ်ခူးရရှိခဲ့သည့်အပြင် အွန်လိုင်းမှတဆင့် ပရိတ်သတ်များ၏ မဲပေးရွေးခြယ်မှုတွင်လည်း တတိယဆုကိုရရှိအောင် အသီးသီးစွမ်းဆောင်နိုင်ခဲ့သည်။ ထို့ပြင် ဆေးတပ်ဖွဲ့ဝင်များ အနေဖြင့် ပြိုင်ပွဲဝင်အသင်း  သင်းအနက် အဆင့်  နေရာတွင် လည်းကောင်း၊ လေကြောင်းချီတပ်ဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အသင်း ၁၈ သင်းအနက် အဆင့်  နေရာ တွင်လည်းကောင်း အသီးသီး ရပ်တည်နိုင်ခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။

မြန်မာတပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲများတွင် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)