Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၅) ကြိမ်မြောက် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASOSAI) စုံညီ ညီလာခံသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (Asian Organization of Supreme Audit Institutions:(ASOSAI) (၁၅) ကြိမ်မြောက်စုံညီ ညီလာခံကို ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ် ဦးဆောင်၍ ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒေါက်တာ ကံဇော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ 

ညီလာခံပထမပိုင်းတွင် အဖွဲ့၏ ၂၀၁၈-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများ၊ ၂၀၂၂-၂၀၂၄ ခုနှစ် ဘတ်ဂျက်နှင့် ၂၀၂၂-၂၀၂၇ ခုနှစ် မဟာဗျူဟာစီမံချက်များ အတည်ပြုခြင်း၊ ၂၀၁၈-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ပြင်ပစာရင်းစစ်၏ စစ်ဆေးတွေ့ရှိချက်များအစီရင်ခံ ခြင်း၊ အဖွဲ့၏ Capacity Development လုပ်ငန်းဆောင်ရွက်မှု အခြေအနေအစီရင်ခံခြင်းတို့ ဆောင်ရွက်ကြသည်။

ထို့နောက် Hanoi ကြေငြာစာတမ်း အစီရင်ခံတင်ပြခြင်း၊ (၁၂) ကြိမ်မြောက် အဖွဲ့၏ သုတေသန စီမံချက်များ အစီရင်ခံခြင်း၊  ASOSAI ဂျာနယ် ဆုချီးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ တင်ပြခြင်း၊ အခြားဒေသ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အစီရင်ခံခြင်း၊ Environmental Audit နှင့် စပ်လျဉ်း၍ အစီရင်ခံခြင်းတို့ ဆောင်ရွက်ကြပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် Crisis Management Audit တို့အတွက် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ၂၀၂၄ ခုနှစ်တွင် (၁၆)ကြိမ်မြောက် စုံညီအစည်းအဝေးအား အိမ်ရှင်အဖြစ် ကျင်းပမည့် စာရင်းစစ်ချုပ်ရုံးနှင့် အထွေထွေအတွင်းရေးမှူး အတည်ပြု ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

(၁၅) ကြိမ်မြောက်စုံညီ ညီလာခံတွင်  မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးက ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများကို ကုစားရန် ASOSAI မှ ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေများကို  ရရှိခဲ့ခြင်း၊  ASOSAI မှ ဆောင်ရွက်လျက်ရှိသည့် မဲခေါင်မြစ်ဝှမ်းရှိ ရေအရင်းအမြစ်များအား စီမံခန့်ခွဲခြင်း၊ နိုင်ငံတော်၏ ပြည်သူ့ကျန်းမာရေးစနစ်ခိုင်မာမှု၊ ကြံ့ခိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော မြို့ပြ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့အား  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့်အညီ ထိရောက်စွာအကောင်အထည်ဖော်မှုအခြေအနေအားစစ်ဆေးခြင်း စသည့်စီမံချက်များတွင် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းများအတွက် မှတ်တမ်းတင်နိုင် ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၄ ခုနှစ်ကာလအတွက် အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်နိုင်ငံများနှင့် စာရင်းစစ်ကော်မတီအဖွဲ့ဝင်နိုင်ငံများအား Online Voting စနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။ အစည်းအဝေးဒုတိယပိုင်းတွင် ၂၀၂၁-၂၀၂၄ ASOSAI ဥက္ကဋ္ဌသစ် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်    Gen. Chanathap Indamra(RTD) ထံသို့ ဗီယက်နမ်နိုင်ငံ စာရင်းစစ်ချုပ်က ASOSAI အလံနှင့် ဉက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်း အခမ်းအနားကို ကျင်းပပြီး  ASOSAI ဉက္ကဋ္ဌ ထိုင်းနိုင်ငံစာရင်းစစ်ချုပ် က ()ကြိမ်မြောက်စာတမ်းဖတ်ပွဲဆိုင်ရာ အစီရင်ခံတင်ပြ၍ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ ကြောင်း သိရှိရသည်။

(သတင်းစဉ်)