နေပြည်တော် စက်တင်ဘာ ၃
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ဝက်လက်မြို့၊ အရာတော် မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်နှင့် ဆားလင်းကြီး မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံ များမှ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သဘင်ပညာ ရှင် ၈၄၀၃ ဦးအတွက် ဆန်အိတ် ၂၁၀၀ နှင့် ဆီပိဿာ ၄၂၀၀ ကိုလည်းကောင်း ၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဝန်ထမ်းများအတွက် ဂုဏ်ပြု ထောက်ပံ့ငွေများဖြစ်သည့် ဆေးတက္ကသိုလ် ခြောက်ခုအတွက် ငွေကျပ် ၁၀၅ သိန်း၊ တက္ကသိုလ် ၁၀ ခုအတွက် ငွေကျပ် ၂၈၅ သိန်း၊ ကွန်ပျူတာတက္ကသိုလ် သုံးခု အတွက် ငွေကျပ် ၄၅ သိန်း၊ နည်းပညာတက္ကသိုလ် ရှစ်ခုအတွက် ငွေကျပ်သိန်း ၁၇၀ ၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ စိုက်သိပ္ပံကျောင်း ငါးခုအတွက် ငွေကျပ် သိန်း ၇၀ တို့ကိုလည်း ကောင်း၊ တောင်သာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ပေးခဲ့သည့် လူမှုရေးအဖွဲ့များနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီးသွားရောက် ထောက်ပံ့လှူဒါန်းကြရာ သဘင် ပညာရှင်များ၊ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူ၍ ကျေးဇူးတင် စကား များ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်