Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ သားငါးများကို ဈေးနှုန်း မှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့်အစီအစဉ်ကို တိုးချဲ့ ဆောင်ရွက် ပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ  ၂

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့်ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကားဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၅ ခုမှ အိမ်သုံးဆေးဝါး ၂၀၈ မျိုးကို ရောင်းချ ပေးလျက်ရှိပြီး ငွေကျပ် ၃၆ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။


အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့ နယ်၊ကမ်းနား လမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၄ ရက် မြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ၄ သိန်း ကျော် တန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင်လည်း ရန်ကုန် မြို့တော်စည်ပင် သာယာရေး ကော်မတီက ရွေ့လျားဈေးကားဖြင့် သားငါးများ ရောင်းချ ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

သတင်းစဉ်