Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ (တာဝန်ခံ)ညွန်ကြားရေးမှူးများ တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်သည် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် ယနေ့နံနက် နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

ပြောကြား

တွေ့ဆုံစဉ် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခု စက်တင်ဘာလသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကုန်ဆုံးမည့် နောက်ဆုံးလဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ်မူတည်၍ အစီရင်ခံစာများ ကို ပြုစုတင်ပြနိုင်ရန်အတွက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင် ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကြရန် ပြောကြားသည်။

ထို့နောက် နေပြည်တော်စာရင်းစစ်ရုံးအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခုမှ တာဝန်ခံ ညွှန်ကြားရေးမှူးများက ဩဂုတ် ၃၁ ရက်အထိ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လက်ရှိ ဝန်ထမ်းအင်အား အခြေအနေ၊ လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများအတွက် ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကူညီထောက်ပံ့မှုအခြေအနေတို့ကို တင်ပြကြသည်။

ဖြည့်စွက်ဆွေးနွေး

ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) ဒေါ်ခိုင်ခိုင်အောင် က စစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်ထောင်စုစာရင်းစစ်ချုပ် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

သတင်းစဉ်