Skip to main content

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲအမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များဆောင်ရွက်

နေပြည်တော် စက်တင်ဘာ  

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့ရှိ ပိဋကတ်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်ရှိ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းဖျားကြီးကျေးရွာရှိ ခရေပင်တပ်ဦးကျောင်းတိုက်၊ မန္တလေးတိုင်းဒေသ ကြီး၊ အမရပူရမြို့နယ်၊ မဟာဝရဇိန်မစိုးရိမ်ဓမ္မာစရိယ သင်တန်းကျောင်းနှင့် ပြင်ဦးလွင် မြို့၊ ရွှေသင်းကျေးရွာရှိ စိတ္တသုခကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်()မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ  တိုင်းစစ်ဌာန ချုပ်များမှ  နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ နတ်ရေကန်သောဘိတာရာမ ပရိယတ္တိစာသင်တိုက်နှင့် သာသနာ့အလင်းရောင် သီလရှင်ကျောင်းတိုက်တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးအဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်း များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉  ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်