ရန်ကုန် စက်တင်ဘာ ၁
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ သတ္တမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုဗစ်ရောဂါကုသရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် အလှူငွေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေတို့ကလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။ ထို့နောက် ဒုတိယမြို့တော်ဝန် ဦးညီညီက ယခုလို အလှူရှင်များ လာရောက်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ယခင်က မိမိတို့ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံရမှုများရှိရာ ရောဂါစစ်ဆေးခြင်း၊ ကုသခြင်းစင်တာများ မရှိသည့်အတွက် ဒုက္ခရောက်ကြကြောင်း၊ ယခုအခါ ကော်မတီအနေဖြင့် စစ်ဆေးရေးစင်တာ၊ ကုသရေးစင်တာများ ဖွင့်လှစ်နိုင်ပြီး လူနာများကို ကယ်တင်ကုသပေးနိုင်ပြီဖြစ်ကြောင်း၊ ယခုလှူဒါန်းသည့် အလှူငွေများဖြင့် ရန်ကုန်မြို့တော်အတွက် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ယနေ့ အလှူငွေ ပေးအပ်ပွဲတွင် အလှူရှင် ၁၉ ဦးက ငွေကျပ် ၅၄၁၀၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်