Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သစ်တောသုတေသနဌာနနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်များအတွင်း လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ရေဆင်းရှိ သစ်တောသုတေသနဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်ဝန်ကြီးက သုတေသနဌာနသည် အရေးကြီးသည့်ဌာန တစ်ခုဖြစ်သည်နှင့်အညီ သုတေသနလုပ်ငန်း၏ ရလဒ်များအတိုင်း မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော်ရမည်ဖြစ်သောကြောင့် Research and Development ဖြစ်နေရမည် ဖြစ်ကြောင်း၊ ထင်းအစားထိုး အခြားလောင်စာသုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖိုများနှင့် ပက်သက်၍ သုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်ပြီး အရည်အသွေးတိုးတက်မြင့်မားလာစေရန် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Tissue Culture နည်းဖြင့် ပျိုးပင်များ ပျိုးထောင်ခြင်းအား တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဝါး၊ ကြိမ်နှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများပိုမိုပြုလုပ်၍ နည်းပညာများမျှဝေသွားရန်လိုကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပရဆေးဥယျာဉ်နှင့် Biodiversity Research Center ပန်းပုံစံပြတိုက် (Herbarium) မြေဓာတ်ခွဲခန်း(Soil Lab) တစ်သျှူးဓာတ်ခွဲခန်း (Mobile Tissue Lab) ဝါးပြခန်းနှင့် လူသုံးနည်းသစ်မျိုး များဖြင့်ပြုလုပ်ထားသော ပရိဘောဂ ပြခန်း၊ Water Quality Laboratory နှင့် ဆောင်ရွက်ဆဲ သစ်မျိုးစုံဥယျာဉ်စီမံကိန်းအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ရှိ ကျောင်းသား (၁၅၀) ဆံ့ ()ထပ်အမျိုးသားအဆောင် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)