Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ငွေကျပ် သိန်း ၆၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဩဂုတ် ၂၂ ရက် ညနေ ၄ နာရီခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးစလမ်း၊ အိမ်အမှတ်(၇၈/၇)ရှိ ထွန်းရွှေ(ခ)အားတီ(၄၉)နှစ်၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းနှင့်အတူ ထွန်းထွန်းအေး(၄၈)နှစ်ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀၊ MARK II SALOON မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင် မနာရှီးဘို(ခ)မလားဟူ(၃၈)နှစ်၊ ထွန်းမောင်(၄၅)နှစ်တို့ကို ညနေ ၆ နာရီခွဲခန့်တွင် တောင်ဥက္ကလာပ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ပါရမီလမ်း၌ BMW မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

(သတင်းစဉ်)