Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် CLMVT Plus Forum 2021 သို့ Online မှ တက်ရောက်

နေပြည်တော် ဩဂုတ် ၂၄

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ACCELERATING A RESILIENT RECOVERY CLMVT Plus Forum 2021 ကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး CLMVT အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ Trade Partner များနှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။

ယင်းဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr. Jurin Laksanawisit က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရှင်များက ကိုဗစ်-၁၉ အလွန် CLMVT အဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေကို သုံးသပ်ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အသိပညာဗဟုသုတများ မျှဝေခြင်း၊ အာဆီယံ၊ မဟာမဲခေါင်ဒေသခွဲ ACMECS အစရှိသော ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု မူဘောင် များတွင် မြန်မာနိုင်ငံ အပါအဝင် CLMVT (၅) နိုင်ငံ ခရီးသွားလုပ်ငန်း ပါဝင်ဆောင်ရွက်မှုများ အပါအဝင် လက်ရှိကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ချမှတ်သင့်သော နည်းဗျူဟာများကို ဆွေးနွေးခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပူးပေါင်းဆောင်ရွက် ရေးတို့ကို ခေါင်းစဉ်များအလိုက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါဖိုရမ်ကို ဩဂုတ် (၂၄) ရက်မှ (၂၆) ရက်အထိ Vidoe Conferencing စနစ် ဖြင့် (၃) ရက် ကြာ ကျင်းပသွားမည်ဖြစ်ရာ ဖိုရမ်နောက်ဆုံးနေ့ သြဂုတ် (၂၆) ရက်တွင် CLMVT အဖွဲ့ဝင်နိုင်ငံများ၌ ကိုဗစ်-၁၉ အလွန် New Normal ကာလတွင် နည်းပညာအသုံးပြုကာ စီးပွားရေးလုပ်ငန်းများ စတင်ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ Startup Pitch Competition ကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)