Skip to main content

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ဖယ်ခုံမြို့နယ် NLD ပါတီမှ ပီတယ်အောင် အပါအဝင် အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ် ၂၁

 

အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် အတွက် လက်နက်/ ခဲယမ်းများ သယ်ဆောင် နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးမှုများ လုပ်ဆောင် လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၌ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (က)ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည့် ဖယ်ခုံ PDF အဖွဲ့၏ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံ၊ ဖယ်ခုံမြို့နယ် NLD ပါတီဝင် ပီတယ်အောင်၊ PDF အဖွဲ့ဝင်များ ဖြစ်သည့် လှိုင်ကြူ(ခ) စိုင်းလူနှင့် မောင်နက်၊ PNLO နယ်မြေအတွင်း အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် ဇင်သော်  ဟိန်းနှင့် မောင်နို့တို့ ငါးဦးကို ၎င်းတို့စီးနင်း လိုက်ပါလာသော မော်တော်ယာဉ် အပါအဝင် M-22 နှစ်လက်၊ M-4တစ်လက်၊ ပစ္စတို နှစ်လက် စုစုပေါင်း လက်နက် ငယ် ငါးလက်၊ ကျည်မျိုးစုံ ၄၂၅  တောင့်၊ ကျည်အိမ်၁၄ ခု၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။

 

ဖမ်းဆီးရမိသူ ပီတယ်အောင် ၏ ထွက်ဆိုချက်အရ PDF အကြမ်းဖက်အဖွဲ့အတွက် ပြည်ပ မှထောက်ပံ့ငွေ များကိုတရားမဝင် လက်ခံ လွှဲပြောင်းပေးနေသူ  မျိုးမြတ်လင်း(ခ)ဖိုးပြဲကို သြဂုတ် ၅ ရက်တွင် ငွေသွင်း/ထုတ် မှတ် တမ်းစာအုပ် ငါးအုပ်နှင့်အတူ  ညောင်ကုန်း(၅)ရပ်ကွက် ဖယ်ခုံ မြို့ရှိ ၎င်း၏နေအိမ်၌ ထပ်မံ  ဖမ်းဆီးရမိခဲ့ပြီး ပီတယ်အောင် သည် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် CRPH အဖွဲ့ဝင်၊ NLD ပါတီမှ ၂၀၁၅ ခုနှစ် ညောင်ရွှေမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား  လှယ်ဟောင်း နေမျိုး၏ စေခိုင်း ချက်အရ မတ်လအတွင်း NLD  ပါတီမှ ၂၀၁၅ ခုနှစ် ဖယ်ခုံမြို့နယ်  အမှတ်(၂) ပြည်နယ်လွှတ်တော်  ကိုယ်စားလှယ်ဟောင်း အန်းဂျေ လို အပါအဝင် ၁၆ ဦးဖြင့် ဖယ်ခုံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် PDF ဖွဲ့စည်းနိုင်ရေးအတွက် ဧပြီ လနှင့် မေလတို့တွင်အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG မှ  ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးနှင့် ချိတ်ဆက်၍ မိုးဗြဲ မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှ အစွန်းရောက် လူငယ်များကို KNPP ဌာနချုပ်၊ ဉာဏ်မူကုန်းတွင် အကြမ်းဖက်သင်တန်းများ တက် ရောက်စေခဲ့ပြီး ဖယ်ခုံမြို့နယ် PDF အဖွဲ့နှင့် မိုးဗြဲ PDFအဖွဲ့ကို ဖွဲ့စည်း ခဲ့ကြောင်း။

 

မေ ၂၃ ရက်တွင် ဖယ်ခုံ PDF အကြမ်းဖက်အဖွဲ့ဝင် NLD ပါတီမှ ၂၀၁၅ ခုနှစ် ဖယ်ခုံမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဟောင်း အန်းဂျေလို ခေါင်း ဆောင်၍ KNPP လက်နက်ကိုင် အဖွဲ့နှင့်ပူးပေါင်းကာ မိုးဗြဲနယ်မြေ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း။

 

ထို့အပြင် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် PDF အဖွဲ့များ ဖွဲ့စည်း ပြီးနောက် ပီတယ်အောင် သည် လက်နက်ခဲယမ်းများ ဝယ်ယူရန် အတွက် တိုက်ပွဲရှောင်ပြည်သူ များကို စားနပ်ရိက္ခာထောက်ပံ့ ရေးခေါင်းစဉ်ဖြင့် ပြည်တွင်း/ ပြည်ပ ရှိ ကရင်နီလူမျိုးများထံမှရရှိသော ထောက်ပံ့ငွေများကို အသုံးပြု၍ လက်နက်/ ခဲယမ်းများ ဝယ်ယူ ခဲ့ပြီး ကျေးသီးမြို့နယ် NLD ပါတီ အောင်နိုင်ရေး ဥက္ကဋ္ဌ လင်းထွန်းနှင့် ချိတ်ဆက်ကာ လက်နက်/ ခဲယမ်းများ ထပ်မံဝယ်ယူရန် စီစဉ်ခဲ့ကြောင်း။

 

ဇူလိုင် ၂၈ ရက်တွင် အကြမ်း ဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှခင်မမမျိုး ဦးဆောင်ပြုလုပ်သည့်  Zoom Meeting ကို နိုင်ကောင်းရွက်၊ NLD ပါတီမှ ၂၀၁၅ ခုနှစ် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်ဟောင်း နေမျိုး၊ NLD ပါတီမှ ၂၀၁၅ ခုနှစ် မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁၁) ကိုယ်စားလှယ် ဟောင်း ကျော်မြင့်ဦး၊ NLD ပါတီမှ ၂၀၁၅ ခုနှစ် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း သန်းစိုးအောင်၊ ဒီးမော့ဆို မြို့နယ် NLD ပါတီဝင် ကော်ဖရီ ခင်ဦးတို့နှင့်အတူ တက်ရောက် ဆွေးနွေးခဲ့ပြီး ခင်မမမျိုးက မြို့နယ်အလိုက် PDF အဖွဲ့များ ဖွဲ့စည်း၍ မြို့ကြီးများအား တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍  ပြောက်ကျားစစ်နှင့် မြို့ပြတိုက်ပွဲ  ဆင်နွှဲနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်ဟု ပြောကြားခဲ့ကြောင်း။

 

NUG အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နယ်မြေများတွင် အခြေခံနယ်မြေ တစ်ခုရရှိရေး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရေး ရည်ရွယ်လုပ်ဆောင်သွား ရန် စီစဉ်လျက်ရှိကြောင်း သိရှိ ရသည်။

 

ဖမ်းဆီးရမိသူ လှိုင်ကြူး၏  ထွက်ဆိုချက်အရ ၎င်းသည် ဖယ်ခုံမြို့နယ် အရှေ့ခြမ်း PDF  အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ် ကြောင်း၊ လက်နက်/ခဲယမ်းများကို  ထိုင်းနိုင်ငံမှ ဝယ်ယူ၍ မြဝတီလမ်း ကြောင်းမှ တစ်ဆင့် သယ်ဆောင်ခဲ့ ကြောင်း၊ ဇူလိုင် ၃၀ ရက်တွင် ပီတယ်အောင်နှင့်အတူ နမ့်စန်မြို့တွင် လက်နက်ခဲယမ်းများ သွား  ရောက် ဝယ်ယူရန်အတွက်  PNLO အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ ငြိမ်းကျော်ဌေးကို လုံခြုံရေး  အကူအညီပေးရန် တောင်းခံခဲ့  သဖြင့် မောင်နို့နှင့် ဇင်သော်ဟိန်း ကိုခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း။

 

မောင်နို့နှင့်ဇင်သော်ဟိန်းတို့ သည် ၂၀၂၁ ခုနှစ် မေလတွင် PNLO အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး PNLOဌာနချုပ်တွင် စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ တက်ရောက်စဉ် PNLOဌာနချုပ်၌ အစွန်းရောက် လူငယ်များကို အကြမ်းဖက် သင်တန်းများ သင်ကြား ပို့ချလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး တရားမဝင်ဖွဲ့စည်း ထားသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG မှ ဩဂုတ် လအတွင်း ရိက္ခာနှင့် လက်နက်/ ခဲယမ်းများ ထောက်ပံ့ပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

 

သို့ဖြစ်၍နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်း၊ များနှင့် အကြမ်းဖက်တိုက်ခိုက် မှုများ လုပ်ဆောင်မည့်သူများကို ကြိုတင် ဖမ်းဆီးထိန်း သိမ်းနိုင်ခဲ့ ပြီး ဖမ်းဆီးရမိသူ ခြောက်ဦးကို ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျေးသီးမြို့နယ် NLD ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌလင်းထွန်း အပါအဝင် ဆက်စပ်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာ နေထိုင်မှုသတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

သတင်းစဉ်