Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးများနှင့် တွေ့ဆုံ

မန္တလေး ဩဂုတ် ၂၁

 

 မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉နာရီ က မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန လက်အောက်ရှိ မန္တလေးတိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်။ စိုက်ပျိုးရေး ဦးစီးမှူးများ တက်ရောက်ကြသည်။

 

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး အတွင်း စပါးဖူလုံမှု၆၀ရာခိုင်နှုန်း ရှိသဖြင့် ၁၀၀ ရာခိုင်နှုန်းဖူလုံရန် မည်သည့် မြေအမျိုးအစားတွင် မည်သို့စိုက်မည်ကို ကြံဆလုပ် ကိုင် ရန်လိုကြောင်း၊ ပိုလျှံ သီးနှံ ကို ပြည်ပသို့တင်ပို့နိုင်ရန် မည်ကဲ့ သို့သော မျိုးစပါး၊ သီးနှံစေ့များကို စိုက်ပျိုးသင့်သည်ကို စီမံချက် ရေးဆွဲ တင်ပြရန် လိုကြောင်း၊ ကျေးရွာ၊ စိုက်ကွင်းများအရောက် ကွင်းဆင်းပြီး တောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆောင်ရွက်ခြင်း၊ တောင်သူများ၏ အခက်အခဲများအတွက် ပံ့ပိုးကူညီ ခြင်းများကို ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့်ပူးပေါင်း၍ အထူးဇုန်များ၊ စံပြကွက်များ၊ စမ်းသပ်ကွက်များ ဖော်ဆောင်ပြီး မျိုးစေ့ထုတ် လုပ်ငန်းများကို တောင်သူများ အား လက်တွေ့စိုက်ပျိုးသရုပ်ပြ ခြင်းများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောသည်။

 

ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူး ဦးတိုးမင်းနှင့် ခရိုင်၊ မြို့နယ်များမှ စိုက်ပျိုးရေး ဦးစီးမှူးများက လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

 

မန္တလေးတိုင်း ဒေသကြီး အနေဖြင့် နှစ်စဉ် နွေစပါး၊ မိုးစပါး  အပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်း သီးနှံများ ဖြစ်သော ကြံ၊ ကော်ဖီနှင့် ဝါသီးနှံ များကို စိုက်ပျိုးလျက်ရှိကြောင်း၊  မြေဧရိယာ ဧက ၇ ဒသမ ၆ သန်း အပေါ် စိုက်ပျိုးသည့် ဧရိယာ ၃ ဒသမ ၃ သန်းရှိပြီး နှစ်ပတ်လည် စုစုပေါင်း ၅ဒသမ၁ သန်း စိုက်ပျိုး လျက်ရှိကြောင်း၊ သီးနှံစွမ်းအား ( ၁၅၃ ဒသမ ၄၈ ရာခိုင်နှုန်းရှိပြီး ပဲနှင့်ဆီထွက်သီးနှံများ၌ ဒေသ တွင်းဖူလုံမှုရှိ ကြောင်း၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရန် စပါးစိုက် ဧရိယာ တိုးချဲ့ဆောင်ရွက်ခြင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်  ရရှိရေးအတွက် နည်းပညာများ၊ ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်