Skip to main content

ဝိုင်းမော်၊ ကမာရွတ်၊ မြောက်ဥက္ကလာပနှင့် ရွာငံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ် ၂၁

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဩဂုတ် ၂၀ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဝိုင်းမော်မြို့ အမှတ်(၃)ရပ်ကွက်ရှိ မထွေးကြည်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၃၃ ကီလိုကို ဖမ်းဆီးရမိသည်။

 

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကမာရွတ်မြို့နယ် အမှတ်(၃)ရပ်ကွက် ဦးလှော်ခြံ လမ်း အိမ်အမှတ်-၁၇ရှိ ကိုမောင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၄ ပြား၊ အိုက်စ် သုည ဒသမ ၀၀၃ ကီလိုနှင့် ဆေးခြောက် သုည ဒသမ၀၁၅ကီလိုကိုလည်းကောင်း၊ ဆက်လက်၍ မွန်းလွဲ ၂ နာရီတွင် အဆိုပါ နေအိမ်ရှေ့သို့ သက်စိုး  ဟိန်း(ခ)မွန်ကြီး မောင်းနှင်ပြီး ပိုင်စိုးဦး(ခ) ပိုင်စိုးနှင့် အောင်ဝေ ဖြိုးတို့လိုက်ပါလာသည့် မော်တော် ယာဉ်ရောက်ရှိလာသဖြင့် စစ်ဆေး ရှာဖွေရာ ပိုင်စိုးဦး (ခ)ပိုင်စိုးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀၊  စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၀တို့ကို လည်းကောင်း၊ ဆက်လက် ၍ ညနေပိုင်းတွင် ပိုင်စိုးဦး(ခ) ပိုင်စိုးနေထိုင်သည့် မြောက် ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက် နွယ်နီ-၄လမ်း တိုက်အမှတ်(၅၀၅) ခြောက်လွှာရှိ တိုက်ခန်းသို့  ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈၀၀ ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း  အဖွဲ့ သည် ရွာငံမြို့နယ်  အောင်ပန်း- ရွာငံသွားကားလမ်း မိုင်တိုင်အမှတ်(၄၇/၄) အနီးတွင် စိုးမိုးဝင်း(ခ)ဖိုးလုံး မောင်းနှင်လာ သည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်  ဆေးပြား ၁၀၀၀၀ ကို  လည်းကောင်း သိမ်းဆည်းရမိခဲ့  သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား