နေပြည်တော် ဩဂုတ် ၂၁
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ်ကျန်းမာရေးဆိုင်ရာ ကုသမှုများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၈၂၂၈၃ ဦးနှင့် အတွင်းလူနာပေါင်း ၈၂၈၉၇ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
ယင်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၃၁၂၀၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၇၁၂၆ ဦး စုစုပေါင်း ၂၀၂၄၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင်ကလေးမီးဖွားလူနာ ၆၉၀၁ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၉၄၈၆ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၆၃၈၇ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေး ကဏ္ဍ မြင့်မားရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်