ရန်ကုန် သြဂုတ် ၂၀
သနန္တနဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်က ကြီးမှူး၍ ကိုဗစ်-၁၉ ဟိန္ဒူမိသားစုများ ကူညီထောက်ပံ့ရေးအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလများတွင် တစ်နိုင်တစ်ပိုင် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှစ၍ ၂၀၂၁ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ အလှူရှင်များ၏ လှူဒါန်းကူညီ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ယခု ကိုဗစ်-၁၉ ကာလတွင် လူသားများအား ကျန်းမာရေးဆိုင်ရာ အခက်အခဲမျိုးစုံ ကြုံတွေ့နေရချိန် တစ်နိုင်တစ်ပိုင် လူသားအကျိုးပြုလုပ်ငန်းများကို အခမဲ့ ဆက်လက်ကူညီထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။
ယင်း ကူညီထောက်ပံ့ရေး လုပ်ငန်းများအနက် အောက်ဆီဂျင်အိုးများ ငှားရမ်းခြင်း၊ အောက် ဆီဂျင်အိုးများ ဖြည့်ပေးခြင်း၊ အသက်ရှူစက် ငှားရမ်းပေးခြင်း၊ ကိုယ်တွင်းအောက်ဆီဂျင် မြင့်တက်လာစေရန် / ပုံမှန်ရှိစေရန်အတွက် အသက်ရှူ (ယောဂလေ့ကျင့်ခန်း) ဗီဒီယိုပြုလုပ်၍ မျှဝေပေးခြင်း၊ အွန်လိုင်းဖြင့် မနက်၊ ညနေ နှစ်ကြိမ် ယောဂလေ့ကျင့်ခန်း သင်ကြားပို့ချပေးခြင်း၊ အိမ်တွင်းဆေးဝါး (သို့) တိုင်းရင်းဆေးများ ဖော်စပ်နည်းများကို ညွှန်ကြားပေးခြင်း၊ အောက်ဆီဂျင်တိုင်းစက်များကို လိုအပ်သူများအား လှူဒါန်းပေးခြင်းစသည့် အကျိုးပြုလုပ်ငန်း များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လိုအပ်သူများ အနေဖြင့် ငှားရမ်းလိုပါက ဖုန်း ၀၉-၂၅၂ ၂၂၇၅၅၂၊ ၀၉ - ၂၅၆၃၃၄၀၇၀ တို့သို့ ဆက်သွယ်ပြီး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ အခမဲ့ငှားရမ်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်