Skip to main content

အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများ ပေးပို့လှူဒါန်း

ရန်ကုန် ဩဂုတ် ၂၀

အိန္ဒိယနိုင်ငံအစိုးရက မြန်မာ နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်းများ ပေးပို့လှူဒါန်းသည့် အထူးကုန်တင်လေယာဉ်မှာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

အဆိုပါ ပေးပို့လှူဒါန်းသည့် ဆေးနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Saurabh Kumar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကျန်းမာ ရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှတို့ထံ လွှဲပြောင်းပေးအပ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးပြု ရန် အိန္ဒိယနိုင်ငံအစိုးရက Long Surgical Glove (Elbow)size,5, 7 ၅၀၀၀၀ ၊ Examination Gloves ၁၅၀၀၊ Digital BP Cuff  ၅၇၀၊ Portable X-ray 100MA တစ်ခု၊ KN-95 Medical Mask (GP 19083) ၁၄၄၀၀ ၊ Rapid Antigen Test Kit ၂၀၀၀၊ High-flow nasal cannula (HFNC) ၁၀၀ ၊ Body Bed ၂၉၂ ခု ၊ PPE Coverall ၁၂၄၀ ၊ Pulse Oximeter (finger Tip) ၃၀၀၊ Oxygen Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ၊ Empty Oxygen Cylinder (40-50) LTR အလုံး ၄၀၀ တို့ကို အိန္ဒိယနိုင်ငံ နယူး ဒေလီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပထမအကြိမ်အဖြစ် ဩဂုတ် ၁၅ ရက်က ဆေးနှင့် ဆက်စပ်ပစ္စည်း ကုန်တန်ချိန် ၅ တန်ကျော်ပါဝင်သော ဆေးပစ္စည်းရှစ်မျိုးကို ပေးပို့လှူဒါန်းခဲ့ပြီး ကုန်တန်ချိန် ၄၀ ပါဝင်သော ယခုထောက်ပံ့မှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ကာ တတိယအကြိမ်အဖြစ် ထပ်မံပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ သိရသည်။

ဓာတ်ပုံ-ကနူး

ညိမ်းသူ (သတင်းစဉ်)