Skip to main content

မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်  ဩဂုတ် ၂၀

မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဖိုး/အဖွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်း ဆရာဝန်/ ဆ‌ရာမများက  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက် ပေးသည်။

ယင်းသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမားရေးဝန်ထမ်း ဆရာဝန်/ ဆရာမများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပေးကြပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဖိုး/ အဖွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင် (၁၀၀) ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးမှ သဘင်ပညာရှင် အဖိုး/အဖွားများနှင့် တာဝန်ထမ်းဆောင်ဆဲ အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) နှင့် အမျိုးသာဇာတ်ရုံ (မန္တလေး) တို့၌ ယနေ့တစ်ချိန်တည်း၌ ထိုးနှံပေးခြင်း ဖြစ်ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ (၂၀) ရက်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း- ကိုကိုဇော်(သတင်းစဉ်)

ဇာတ်ပုံ- ဇော်ဇော်လတ်