Skip to main content

ပြည်သူများ၏စားဝတ်နေရေး အလေးထား

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ် အေးချမ်းမှုရှိမှသာ ရွေးကောက်ပွဲအဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စားဝတ် နေရေးကိစ္စများဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်အတွင်း နိုင်ငံရေးအရ လုပ်ဆောင်ဖွယ်ရာများစွာရှိသည့်ကြားမှ ပြည်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်မြင့်မားလာရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က စီးပွားရေးမြှင့် တင်မှုနှင့်ပတ်သက်၍လူတစ်ဦးချင်း၏ဝင်ငွေရရှိရေးအတွက် နိုင်ငံသားများ ပြည်တွင်း၌ အလုပ်အကိုင်များ ခိုင်ခိုင်မာမာရရှိအောင် ဖန်တီးဆောင်ရွက်ပေးရေးနှင့်ပတ်သက်ရေးကို ပြောကြားခဲ့သည်။ နိုင်ငံတွင် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင် မည်ဆိုပါက အဆိုပါလုပ်ငန်းများအပေါ်မူတည်၍ စက်ရုံအလုပ်ရုံများ ဖွင့်လှစ်နိုင်ခြင်းဖြင့် အလုပ်အကိုင်များ ပေါများလာမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့သည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း များ လုပ်ကိုင်ရန်အတွက် ရေခံမြေခံကောင်းများနှင့် လူ့အရင်းအမြစ်များ များစွာ ရှိသည်။ လက်ရှိတွင်လည်းစိုက်ပျိုးရေးထုတ်ကုန်များကို အဓိကအားထားထုတ်လျက် ရှိရာတွင် စိုက်ပျိုးထုတ်ကုန်များ အရည်အသွေးပြည့်မီရေးနှင့် ဈေးကွက်ရရှိရေး အတွက် သုတေသန ပြုလုပ်ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးကောင်းမွန်ပြီး သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဆိုပါက မြန်မာ နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက ထုတ်လုပ်သောနိုင်ငံဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပလို အပ်ချက်ကို လွှမ်းခြုံ ဖြည့်စွမ်းနိုင်ခြင်းမရှိချေ။

 

ထို့ကြောင့် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေး၊ ဖူလုံမှုမရှိသည့် ဒေသများတွင် ခြင်းကို ရိုက်နှိပ်ရေးမှယူအသုံးပြုရင်း လည်ပတ်မှု နိုင်ငံအတွင်း များပြားလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည်မှာ သေချာသည်။ နိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ ပြည်ပသွင်း ကုန်များလျှော့ချရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။ ပြည်ပသွင်းကုန် မလျှော့ချနိုင်သဖြင့် ကုန်သွယ်မှုနှင့် ဘတ်ဂျက်လိုငွေများရှိသည်။ ထို့ကြောင့် ပြည်တွင်းထုတ်ကုန်များ တိုးတက် လာအောင် ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန်လိုအပ်သည်။ လက်ရှိတွင် မြန်မာ နိုင်ငံအနေဖြင့် စိုက်ပျိုးထုတ်ကုန်များ ထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ စားသောက်ကုန်များကို ငွေကြေးသန်းပေါင်းများစွာ အကုန်ကျခံတင်သွင်း နေရသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ ဆီအုန်းစသည့် ဆီထွက်သီးနှံများ စိုက်ပျိုးကြသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းအပြည့်အဝစိုက်ပျိုးနိုင် မည်ဆိုပါကဆီထွက်တန်ချိန် ၄ ဒသမ ၅သိန်းခန့်အထိ ထွက်ရှိနိုင်သည်ဟု ပညာ ရှင်များက ခန့်မှန်းထားသည်။ သို့သော် အရည်အသွေးမြင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံအထက်ပိုင်းတွင်လည်း ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအား ဆီအိုးကြီး အဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ပါကပြည်ပမှ ဆီတင်သွင်းမှုကိုလျော့ချ မည်နိုင်ငံခြားဝင်ငွေကုန်ကျမှုကို သက်သာစေမည်ဖြစ်သည်။ ထို့အပြင် ပြည်ပဝင်ငွေ တိုးတက် ရရှိရေးအတွက် အရည်အသွေးပြည့်ဝသည့် ပြည်ပပို့ကုန်များကို တိုးတက် တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အဝတ်အထည်ထုတ်လုပ်ရေးအတွက် ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း ပြည်ပမှ အဝတ်အထည်များကို တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ဖိုးခန့် ဝယ်ယူတင်သွင်းနေရသည်။ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့တွင် ဝါစိုက်ပျိုးဧက လေးသိန်းကျော်ရှိပြီး အထွက်နှုန်းနည်းပါးသည်။ ပြည်တွင်း၌ ဝါစိုက်ပျိုး ထုတ်လုပ်ရေးကို တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစက်ရုံများ အပြည့် အဝလည် ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သင့်သည်။ အလားတူ ပြည်တွင်း၌ ဘိလပ်မြေထုတ်လုပ်နိုင်သော်လည်း ပြည်ပမှ ဘိလပ်မြေအမြောက်အမြား တင်သွင်းနေရသည် ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် စားသောက်ကုန်သီးနှံများကိုပင် ထိုင်းနိုင်ငံမှ တင်သွင်း နေသည် ကိုတွေ့ရသဖြင့် မိမိနိုင်ငံ၏အခြေအနေနှင့် မိမိတို့ကြိုးပမ်းဆောင်ရွက်ကြရမည် တို့ကို ဆင်ခြင်ကြည့်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးနိုင်သော မြေသယံ ဇာတများ ပေါများကြွယ်ဝသည့်အပြင် အလုပ်လုပ်နိုင်သော အရင်းအမြစ်များလည်း များစွာရှိသဖြင့် ပြည်တွင်းထုတ်ကုန်များ ပြည်တွင်း၌ လုံလောက်အောင်ထုတ်လုပ်ပြီး ပြည်ပသို့ပါ တင်ပို့နိုင် မည်ဆိုပါက ပြည်သူများ စားဝတ်နေရေးကို ပိုမိုအလေးထား အဆင်ပြေအောင်ဆောင်ရွက် နိုင်ပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာပါကြောင်း။ ။

ကြေးမုံအယ်ဒီတာ့အာဘော်