Skip to main content

နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင် နေပြည်တော်ကောင်စီမှ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)သို့ လီတာ (၄၀) ဆံ့ အောက်ဆီဂျင်အိုး(၁၀၀) လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

 

နေပြည်တော် ဩဂုတ် ၁၅

နေပြည်တော်ကောင်စီမှ လီတာ(၄၀)ဆံ့ အောက်ဆီဂျင်အိုး(၁၀၀) လှူဒါန်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ပြုလုပ်ရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မျိုးတင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ကုသရေးဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံ၊ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အောက်စီဂျင်အိုး လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် နေပြည်တော်၌ Positive လူနာများကို ခုတင်(၁၀၀၀) ဆေးရုံကြီးနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ ခုတင်(၃၀၀)ဆေးရုံကြီးများ၊ မြို့နယ်ဆေးရုံ များတွင် အဓိက ထား ကုသပေးလျက်ရှိပါကြောင်း၊ Positive လူနာများ တွေ့ရှိလာသည် နှင့်အမျှ အောက်ဆီဂျင် များလိုအပ်လာပြီး အဆိုပါဆေးရုံများတွင် ပုံမှန်ထုတ်လုပ်နေသော အောက်ဆီဂျင်များ လုံလောက်မှုမရှိသည့်အတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝိုင်းဝန်းပူးပေါင်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိပြီး ယခုအောက်ဆီဂျင် လီတာ (၄၀) ဆံ့အိုး(၁၀၀)ကို ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀၀) သို့ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ လိုအပ်ချက်ရှိသည့် ဆေးရုံများကိုလည်း ဆက်လက်ခွဲဝေလှူ ဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါမှာ အစိုးရ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ပြည်သူလူထုတို့မှ ကဏ္ဍအသီးသီးတွင် ဝိုင်းဝန်းစုပေါင်းပူးပေါင်း ဆောင်ရွက်မှသာလျှင် ရောဂါကာကွယ်တားဆီး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ အောက်ဆီဂျင်အိုးများအား နေပြည်တော် ပြည်သူ့ ဆေးရုံကြီး ခုတင်(၁၀၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံထံသို့ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး  ကျေးဇူးတင်စကား ပြောကြား သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာန ချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် တစ်နေ့လျှင် အောက်ဆီဂျင်ပျှမ်းမျှ (၉၆)လုံးထွက်ရှိသည့် Oxygen Plant ထုတ်လုပ်နေမှုအခြေအနေများကို  ကြည့်ရှုခဲ့ကြောင်း သိရ သည်။