နေပြည်တော် ဩဂုတ် ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အာရှပစိဖိတ်ဒေသ နိုင်ငံများရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့်
ကောင်စစ်ဝန်ချုပ်ရုံးများမှ မြန်မာသံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများကို လက်ရှိဖြစ်ပေါ် တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အသိပေးရှင်းလင်း ခြင်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ပနိုင်ငံများရှိမြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီ၊ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်တို့က လက်ရှိနိုင်ငံရေး အခြေအနေများနှင့် ဆောင်ရွက်ချက်များ၊ (၅၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပခဲ့ခြင်းနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို အသိပေးရှင်းလင်း ပြောကြား၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြန်မာသံရုံး၊ အဖွဲ့ရုံး ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ၏ မေးမြန်းချက်များ၊ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်