Skip to main content

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)အား ပြန်လည်သုံးသပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၁
 
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အား ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံတကာ စနစ်များနှင့်လျော်ညီစွာ မိမိတို့နိုင်ငံလက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ( ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
 
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အခန်းများကို သုံးသပ်နိုင်ရေး တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော လူမှုစီးပွားရေး အခြေအနေအပေါ် မူတည်၍ ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်းများရှိနေသောကြောင့် ကလေးသူငယ်များအား ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင်ရန် လိုအပ်သဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ရခြင်းဖြစ်ပါ
ကြောင်း ပြောကြားသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုအလေးထား ဆောင်ရွက်ရန်အတွက် ပြန်လည်သုံးသပ်လိုသည့် အချက်များကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအား အလွဲသုံးခြင်း၊ အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းများမှ ပိုမိုကာကွယ် နိုင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍ များအလိုက် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူ၊ မြေပြင် အမှန်တကယ် ဆောင်ရွက်နေသူများအနေဖြင့် အသေးစိတ်သုံးသပ် ဖော်ထုတ်သွားရန်နှင့် ဥပဒေတွင် သတ်မှတ်ချက်များကို တိကျစွာ ထည့်သွင်းဆောင် ရွက်သွားရမည်ဖြစ်သကဲ့သို့ အသေးစိတ်တာဝန်နှင့် စည်းကမ်းသတ်မှတ်ချက်များကို ဆက်လက် ရေးဆွဲဆောင်ရွက်မည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေတွင် ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆွေးနွေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ပါကြောင်း ပြောကြား
သည်။
 
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ် ဆိုင်ရာတာဝန်ရှိသူက ကလေးသူငယ် အခွင့်အရေး များဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်ရေးအတွက် လုပ်ငန်းအဖွဲ့အား ၁၆ ဦးဖြင့် ဖွဲ့စည်းပြီး ဆွေးနွေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဥပဒေ၏ ပြန်လည်သုံးသပ်ရန် လိုအပ်သည့် သက်ဆိုင်ရာအခန်းများ၊ ပုဒ်မများအလိုက် တွေ့ရှိချက်များနှင့် လျာထားပြင်ဆင်ရန် အချက်များကို သုံးသပ်တင်ပြ၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနသည် ကလေးသူများ၏ အခွင့်အရေးကို ဖော်ဆောင်ရသည့် ဌာနဖြစ်သည့် အားလျော်စွာ ကလေးသူငယ်၏ အခွင့်အရေးများကို တတ်နိုင်သမျှ အကောင်းဆုံးဖော်ဆောင်နိုင်ရေး၊ ဥပဒေဖြင့် အကာအကွယ် ဥပဒေပေးနိုင်ရေး အလေးပေးဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ဥပဒေပိုင်းဆိုင်ရာ အမြင်ရှုထောင့်များကိုလည်း မျက်ခြည်မပြတ်စေရေးနှင့် ပြည်တွင်းအခြေ အနေနှင့် ရေရှည်ကိုက်ညီ ဆီလျော်မှုရှိစေရေးကိုပါ | အလေးပေးသုံးသပ်ရမည့် အချက်များ၊ ဥပဒေ ပိုမိုထိရောက် ကောင်းမွန်စေရေးအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။
 
သတင်းစဉ်