နေပြည်တော် သြဂုတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ချန်းရှိချင်းယန့် ကုမ္ပဏီလိမိတက်မှ 40 Liter အောက်ဆီဂျင် အိုး(၁၀၀၀) လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ချန်းရှိချင်းယန့် ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူက လှူဒါန်းရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုလို ကိုဗစ်-၁၉ ရောဂါကုသရေးတွင် အရေးကြီးသည့် အောက်ဆီဂျင်အိုး အလုံး(၁၀၀၀)ကို ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းပေးသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လက်ခံရရှိ သည့် အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများနှင့် ပြည်သူ့ဆေးရုံကြီးများသို့ အမြန်ဆုံးဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)