Skip to main content

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်−၁၀၀၀) သို့ အောက်ဆီဂျင်အိုးကြီး အလုံး ၆၀ နှင့် အလှူရှင်ငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၁၀

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများနှင့် နေပြည်တော် အိမ်ရာတည်ဆောက်ရေး အဖွဲ့များက နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သို့ အောက်ဆီဂျင်အိုးကြီး (40 Liter) အလုံး ၆၀ နှင့် အလှူငွေကျပ် ၁၂၅ သိန်း စုစုပေါင်းတန်ဖိုးငွေကျပ် ၂၇၅ သိန်း ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါဆေးရုံကြီး အုပ်ချုပ်မှုဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက် အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ နေပြည်တော် ပြည်သူ့ဆေးရုံ ကြီး(ခုတင်-၁၀၀၀) ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး Oxygen Cylinder (40 Liter) အိုး ၆၀ နှင့် အလှူငွေကျပ် ၁၂၅ သိန်း ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကြောင်း သိရသည်။

သတင်းစဉ်