(၁၀-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
(၉-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၄၅၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၄,၄၃၄) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၃,၂၈၄,၂၃၇) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၃၃၇,၅၆၁) ဦး ရှိပြီဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃,၆၈၀) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၂၅၃,၃၁၃) ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၂၂၀) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၂,၂၃၄) ဦး ရှိပါသည်။
** ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် -
· တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊ မိမိတို့ နေအိမ် တွင် အသက် (၆၅)နှစ် နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း တို့ကိုအထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြပါရန်၊
· ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “ရုံးလုပ်ငန်းဌာနများတွင် COVID-19 ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်” နှင့် “တစ်ဦးကိုတစ်ဦး အသိပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အတိုင်း COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများအား အသိပေးခြင်းနှင့် သတိပေး ခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံပါသည်။
· COVID-19 ရောဂါဆိုင်ရာ သတင်း အချက်အလက်များကို ကျန်းမာရေး ဝန်ကြီး ဌာန၏ တရားဝင်အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။