Skip to main content

ငွေကြေးအထောက်မပံ့ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်း အဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၉ မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြု ထုတ်ပြန်ခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာန အနေဖြင့် မဟာဗျူဟာ စီမံချက်ပါ ငွေကြေးအထောက်အပံ့ပေးရေး လုပ်ငန်း အစီအစဉ်များ အနက် လူမှုရေးပင်စင်အစီအစဉ်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ် များအား ငွေကြေးအထောက်အပံ့ ပေးရေး အစီအစဉ် (MCCT) အစီအစဉ်(၂)ရပ်ကို ပုံမှန်အစီအစဉ်များအနေဖြင့် အကောင်အထည် ဖော်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ပြောကြားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ယူအကောင်အထည်ဖော်လျက် ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ငွေကြေးအထောက်အပံ့ ပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း ၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက Zoom Application စနစ်ဖြင့် ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြော ကြားလိုက်ခြင်းဖြစ်သည်။ ။ အဓိကထားဆောင်ရွက် ဆက်လက်၍ ယခုကဲ့သို့သော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား နေသည့် အချိန်ကာလ၌ ငွေကြေးအထောက်အပံ့များသည် အကျိုးခံစား ခွင့်ရှိသူများအတွက် များစွာ အထောက်အကူဖြစ်ပါကြောင်း၊ ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ်များကို ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အကောင်အထည်ဖော်ရာတွင် ရောဂါကူးစက်မှု မဖြစ်ပွား စေရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြေပြင်တွင် ထောက်ပံ့ကြေး ပေးအပ်မှုများ ဆောင်ရွက်ရာ၌ ထိတွေ့မှု အနည်းဆုံးဖြစ်စေရေးအတွက် အီလက်ထရော နစ်စနစ်ကို အခြေခံသည့် ငွေကြေးလွှဲပြောင်းမှုအား အဓိကထား ဆောင်ရွက် သင့်ကြောင်း။ ယခင်ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် လည်း ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး MCCT အစီအစဉ်များ အကောင်အထည်ဖော်ရာ၌ ငွေကြေးလွှဲပြောင်းမှု ဆိုင်ရာ ဝန်ဆောင်မှု ပေးတဲ့အဖွဲ့များထံ လုပ်ငန်းအပ်နှံပြီး အီလက်ထရောနစ်နည်းလမ်းဖြင့် ငွေကြေးလွှဲပြောင်းခြင်းကို စတင်စမ်းသပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင် လည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ငွေကြေး လွှဲပြောင်းမှု ဝန်ဆောင်မှုပေးသည့်အဖွဲ့များထံ လုပ်ငန်းအပ်နှံဆောင်ရွက်သွားရန် ပြင်ဆင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ငွေကြေး လွှဲပြောင်းမှုဝန်ဆောင်မှုပေးသည့် အဖွဲ့များထံလုပ်ငန်းအပ်နှံဆောင်ရွက် သွားနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအားဖြည့်စွက်ပြောကြားပြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေး မှူးများက လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အီလက် ထရောနစ်စနစ်ကို အခြေခံသည့် ငွေကြေးလွှဲပြောင်းမှုသို့ ပြောင်းလဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိသည့် အချက်များအား တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။ သတင်းစဉ်