Skip to main content

ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအများပြည်သူရုံး ပိတ်ရက်များတွင် လည်းလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မ ပြတ်တင်သွင်းလျက်ရှိ

 
နေပြည်တော် ဩဂုတ် ၉
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလို အပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း ၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၄၂၄၂) ခု နှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း Oxygen Concentrator (၁၉၉) ခု အပါအဝင် မူဆယ်၊ လွယ်ဂျယ်၊ ၊ ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၃)စီး ဖြင့်(၅၉)တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) တန် (၂၀) ၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်)(၂)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၅၄၂၂)ခု၊ Oxygen Plant (၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၅၃၄၁) ခု၊ PPE ဝတ်စုံ (၂၄၃၆၀) နှင့် နှာခေါင်းစီး (Mask) (၈၉) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို ကုမ္ပဏီ(၂၉)ခုမှ ယာဉ်စီးရေ (၅၇) စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၅၃၈)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၅၁၆) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၁၀၉)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့် (၆၅)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၆၂၂၁၂) ခု၊ Oxygen Plant (၇) ခု၊ အောက်ဆီဂျင်(Generator) (၉)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၁၂၇၅)ခု၊ Test Kit (၁၄၁၆၄၂) ခု၊ PPE (၃၀၅၂၉၂) စုံ၊ လက်အိတ် တန် (၄၀) နှင့် နှာခေါင်းစီး (Mask) (၇၂၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၄၀၄၉၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE ဝတ်စုံ(၁၈၂၉၇၅)စုံ တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်း ချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင် သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက် များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်းဝန် ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)