Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေး ဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဖြန့်ဝေလှူဒါန်း

နေပြည်တော် ဩဂုတ် ၆

 

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော် ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက် ရှိသည်။

 

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၃၀ လုံးကို လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပညာရေးဒီဂရီ ကောလိပ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ကြပ်မတ် ကုသရေး စင်တာအတွက် အောက်ဆီဂျင်အိုး ၂၀ လုံး၊ မိုင်းရယ်မြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့အစည်းများ၊ ပြည်သူ့စစ်အဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊ ဘဏ်ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် Mask ၄၅၀၀ ခု၊ လက်သန့်ဆေးရည် ၁၇ ဘူး၊ PPE ဝတ်စုံ ၁၅ စုံနှင့် အရက်ပြန် ၉ ဘူးတို့ကို လည်းကောင်း၊ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျိုက်လတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၃၃ လုံးတို့ကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သန်လျင်မြို့နယ်ရှိ တပ်မတော်ဆေးရုံသို့ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်း များနှင့် ဆေးပဒေသာပင် အလှူငွေ ၆၇၃ သိန်းတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ် သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၀ လုံးနှင့် အုတ်တွင်းမြို့၊ ဈေးကုန်းကျောင်းတိုက်၌ တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေကျပ် ၃ သိန်းတို့ကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြသည်။

 

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မိသားစုက အလှူငွေကျပ်သိန်း ၁၀၀၊ Ayeyar  Hinthar  Holdings နှင့် ပုသိမ်စက်မှုမြို့တော် စီမံကိန်းက ငွေကျပ် (၂၇၄)သိန်းတန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကုသဆေး(၈)မျိုး ၊ ဟင်္သာတမြို့မှ Family  Hotel နှင့် Family မိသားစုရွှေဆိုင်က ငွေကျပ်သိန်း (၂၀)၊ ဦးရဲထွန်းဝင်းမိသားစု Newton  International College က အောက်ဆီဂျင်အိုး ၅ လုံး၊ ရန်ကုန်မြို့မှ Su Paing Lynn Co.Ltd က ငွေကျပ် ၁၀ သိန်း၊ ရန်ကုန်မြို့မှ Able  Winners Co.Ltd က ငွေကျပ် ၁၀ သိန်း၊  ရန်ကုန်မြို့မှ Good  Brings  Co.ltd က ငွေကျပ် ၁၀ သိန်း၊ ယုဇနကုမ္ပဏီလီမိတက်က Oxygen  Concentrator ၁ လုံး၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ငွေကျပ် ၁၀ သိန်း၊ မြောင်းမြမြို့မှ ဦးဝင်းလွင် မိသားစု (သစ်လွင်စက်ပစ္စည်း ရောင်းဝယ်ရေး) ငွေကျပ် ၁၀ သိန်းနှင့် မြောင်းမြမြို့မှ ဦးထွန်းထွန်းဦး မိသားစု ငွေကျပ် ၁၀ သိန်းတို့ကို အသီးသီး ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော် အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ဈေးကုန်း ကျောင်းတိုက်တွင် ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းနာယက ဆရာတော် ဘဒ္ဒန္တ တေဇသီရိ ဦးဆောင်၌ Oxygen Plant တည်ဆောက်နေမှုများကိုလည်းကောင်း  တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်