နေပြည်တော် ဩဂုတ် ၆
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် အရေးတကြီး လိုအပ်လျက် ရှိသော ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပမှ ပင်လယ် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေစခန်းများမှ တင်သွင်းရာတွင် အဆင်ပြေ ချောမွေ့စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ သွင်းကုန်လိုင်စင် လျှောက်ထား ခြင်းမှ ယာယီကင်းလွတ်ခွင့်ပြု ပေးခြင်းများကို SOP နှင့်အညီ ပိတ်ရက်မရှိ နေ့စဉ်ကူညီ ဆောင်ရွက်ပေး လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ လေကြောင်း၊ ရေကြောင်းများ၊ တရုတ်နိုင်ငံ ကုန်သွယ်ရေးစခန်းများသာမက ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေးစခန်းများမှ တင်သွင်းနိုင်ရေး သံတမန် လမ်းကြောင်းမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၃၃၈၉) ခု၊ အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း များမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၅) စီးဖြင့် ( ၉၅) တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၃)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) (၂)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၅၉၉၂) ခု၊ Oxygen Plant (၁)ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator) (၄) ခု ၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၄၄၅၉) ခု၊ PPE ဝတ်စုံ (၃၆၈၈၀) ၊ လက်အိတ် (၀ ဒသမ ၀၄) တန်နှင့် နှာခေါင်းစီး Mask (၅၄) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၃၃) ခုမှ ယာဉ်စီးရေ (၆၁) စီးဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ (၃၅၀) ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၃၂၄) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၄၄) တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ အိုးဖြင့် (၅၃) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၃၉၄၅၈) ခု၊ Oxygen Plant (၅) ခု၊ အောက်ဆီဂျင် (Generator) (၉) ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၃၈၀၉၉) ခု၊ Test Kit (၁၄၁၆၄၂) ခု ၊ PPE ဝတ်စုံ (၂၃၁၉၀၂) စုံ၊ လက်အိတ် (၃၈) တန်နှင့် နှာခေါင်းစီး Mask (၅၀၂) တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ (၇၄၉) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၄၀၄၉၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ ဆေးရုံသုံးအောက်ဆီဂျင်ဖြည့်စက် (၄) ခု၊ Oxygen Generator (၁၁) ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ PPE ဝတ်စုံ (၁၈၂၉၇၅) စုံ တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင် ရာဌာန များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင် ရာကုန်သွယ်ရေး စခန်းများမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်