Skip to main content

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၄

အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန်အတွက်  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံရေး အတွက် မွေးမြူရေးဆောင်ရွက် လျက်ရှိသည့် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းများဖြစ်သော ရိုးမရတနာ ဥစားကြက် မွေးမြူရေးခြံနှင့် ရွှေကောင်းကင် အသားတိုးဝက်ခြံတို့သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက အင်းစိန်မြို့နယ်ရှိ အမှတ် ၁ နှင့် အမှတ် ၃ စိုက်ပျိုးမွေးမြူရေးစခန်းများသို့ လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်