နေပြည်တော် ဩဂုတ် ၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပစ္စည်းများ အား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ် ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဩဂုတ် ၄ ရက်၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ ၁၁၂ ခုမှ Flow meter ၂၇၃၅ ခု၊ Nasal Cannula ၁၂၀၊ Oxygen Inhalter ၁၁၄၀၊ Oxygen Mask ၂၆၃ ခု၊ Oxygen Regulator ၂၀၉၆၊ Oxygen Tube ၂၀၀၊ Oximeter ၃၈၈၀၇ ခု၊ Oxygen Concentrator ၃၃၃၇ ခု၊ Oxygen Machine ၂၀၊ Sprayer ၂၃ ခု၊ S/P for Oxygen Concentrator ၉ ခု၊ ရန်ကုန်ဆိပ်ကမ်းများတွင် ကိုဗစ်-၁၉ကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၁၈၆၁၂၉.၃၄ Kg ၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ ကျိုင်းတုံ၊ ကော့သောင်း၊ မြဝတီ) တွင် ကုမ္ပဏီ ၄၀ မှ Oxygen Cylinder ၄၄၆၄ ခု၊ Liquid Oxygen ၁၅၃၁၅.၂၈ m3၊ Flow Meter ၁၈၃၀၊ Liquid Oxygen ၁၉. ၃ တန်၊ Mask ၅၃၉၅၃ Kg၊ Oxygen Concentrator ၇၄၁ ခု၊ PPE ၃၅၁၆၈ ခု၊ Oxygen Regulator ၈၄၆၀၊ Oximeter ၉၆၀၊ Iron Bed ၁၀၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်